ရွှေဖီမြေ၊ မေလ ၅ ရက်၊ မိုင်းပန်
ရှမ်းတောင် မိုင်းပန်မြို့နယ်မှာ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၅၂ ဦးနဲ့ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
မိုင်းပန်မြို့နယ် ကျိုင်းတောင်း-မိုင်းပန်ဘက်သွားတဲ့ ကားလမ်းအနီးက ကျားဖြန်ရုံကို စစ်တပ်က မနေ့ မေလ ၄ ရက်မှာ ဝင်ရောက်စီးနင်းခဲ့ရာ ကျားဖြန်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် စုစုပေါင်း ၅၆ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကျားဖြန်လုပ်ကိုင်ရာမှာ အသုံးပြုနေတဲ့ အဆောက်အဦးအပါအဝင် စတားလင့်စက်နဲ့ ဆက်စပ်ပစ္စည်းတွေကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁ ရက်ကလည်း ကွန်ဟိန်းမြို့နယ် ကာလိမြို့ ဝမ်မိုင်ရွာအနီးရှိ သံလွင်မြစ်ကူး ကူးတို့ဆိပ်မှာ တရားမဝင် ဝင်လာကြတဲ့ တရုတ်နိုင်ငံသား ၄၃ ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးရမိခဲ့ပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ ကျားဖြန်လုပ်ကိုင်သူတွေကို ဥပဒေအရ အရေးယူသွားမှာဖြစ်သလို လုပ်ငန်းသုံးပစ္စည်းတွေကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အတိုင်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။