ဓာတ်ပုံ – Local

မိုင်းပန်ပျော်၊ ဇန်နဝါရီ ၂၄ ရက်၊ မိုးကုတ်

တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ထဲက အိမ်တစ်အိမ်မှာ ထမင်းချက်နေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၁ နာရီခန့်မှာ မိုးကုတ်မြို့ နယ်မြေ ၁၃ မင်းတံတားက အိမ်တစ်အိမ်မှာ ထမင်းချက်နေစဉ် မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ဖြစ်စဉ်ကတော့ အတိအကျ မသိဘူး။ တချို့ပြောတော့ ထမင်းချက်နေတဲ့အချိန် မီးကူးစက်ပြီး‌ ေ‌လာင်သွားတယ်။ တချို့ပြောတာတော့ ကလေးက မီးခြစ်ဆော့ပြီး မီးလောင်သွားတယ်လို့ ပြောကြတယ်”

မီးလောင်မှု ဖြစ်ပွားတဲ့အိမ်ကို PSLF/TNLA ရဲ့ မီးသတ်ဌာနက လူအင်အား ၃၀ နဲ့ မီးသတ်ကား ၄ စီး အသုံးပြုပြီး မီးငြိမ်းသတ်ခဲ့ရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

မီးလောင်မှု ဖြစ်ပွားတာနဲ့ပတ်သက်ပြီး လူအထိအခိုက် မရှိပေမဲ့ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတန်ဖိုး ၂၆ သိန်းဝန်းကျင် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်မှာလည်း မိုင်းရယ်မြို့မှာ ဘတ္ထရီအိုး ပေါက်ကွဲကာ မီးလောင်မှု ဖြစ်ပွားခဲ့တာကြောင့် ၂ နှစ်သား ကလေးငယ်တစ်ဦးနဲ့ ၂ လသား ကလေးငယ်တစ်ဦး မီးလောင်ပြီး သေဆုံးခဲ့ပါတယ်။

ဇန်နဝါရီ ၉ ရက်က နမ့်ခမ်းမြို့နယ် နမ့်စိတ်ရွာမှာ အိမ်ရှင်ဖြစ်သူက အသုဘသို့ သွားနေစဉ် ဝိုင်ယာကြိုး ရှော့လ်ဖြစ်ပြီး နေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ပြီးတော့ သိန်း ၅ဝ ကျော်ဖိုး ဆုံးရှုံးခဲ့ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

You May Also Like

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

ကိုးကန့်တပ် ထိန်းချုပ်ဒေသမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်ဝိုင်ဖိုင်တွေ ပိုအသုံးပြုလာ

ကိုးကန့်တပ်- MNDAA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ တရုတ်ဖုန်းဆင်းကတ်နဲ့ တရုတ်အင်တာနက်လိုင်းတွေ အသုံးပြုလို့ ပိုအဆင်ပြေတာကြောင့် မြန်မာဆင်းကတ်အစား တရုတ်ဆင်းကတ်တွေကို ပိုအသုံးပြုလာနေကြတယ်လို့ ရွှေဖီမြေက စုံစမ်းသိရပါတယ်။

မင်္ဂလာဆောင်အတွက် တင်တောင်းဖို့သွားတဲ့ မိုင်းငေါ့ဒေသခံ ၂ ဦး နောင်ချိုမှာ ၂ လကြာ ပျောက်ဆုံးနေ

တအာင်းတပ် ထိန်းချုပ်ရာ ကျောက်မဲမြို့နယ် မိုင်းငေါ့ဒေသခံ ၂ ဦးက မင်္ဂလာဆောင်အတွက် တင်တောင်းဖို့ နောင်ချိုဘက် သွားရာကနေ ပျောက်ဆုံးနေပြီး ၂ လ ကြာတဲ့အထိ အဆက်အသွယ် မရသေးကြောင်း မိသားစုဝင်ရဲ့ ပြောပြချက်အရ သိရပါတယ်။