ဓာတ်ပုံ – စစ်ကောင်စီ

ရွှေဖီမြေ၊ ဒီဇင်ဘာ ၂၉၊ ကျောက်မဲ

စစ်ကောင်စီပြန်လည်ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့အဝင်အထွက်တွေမှာ တောင်ပေါ်ကျေးရွာကနေ ဆင်းလာတဲ့ ကားသမားနဲ့ဒေသခံတွေကို ပစ်မှတ်ထားပြီး ငွေတောင်းကြမ်းနေတယ်လို့ ကြုံခဲ့ရတဲ့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

ကျောက်မဲကနေ မိုးကုတ်ဘက်အထွက် တစ်နေရာနဲ့ ကျောက်မဲကနေ မိုင်းငေါ့မြို့အထွက်မှာ အဓိကထား ထောင်ချောက်ဆင်ပြီး ငွေတောင်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့က ပုံမှန်မစောင့်ဘူး။ ကုန်ကားလာတာတို့ လူနည်းနည်းများလာပြီတို့ဆို ချက်ချင်းလာစောင့်ပြီးမှ ဖမ်းတာ။ အဓိကကတော့ ငွေတောင်းတာပေါ့။ အချို့ကားဆို ၆သိန်း ၁၀သိန်း အဲလိုပေးရတာ။ ကုန်တင်ကားတွေဆို သူတို့ကိုပေးရတာနဲ့ ဘာမှပြန်မရကြဘူး။ တခါတလေ မစောင့်ဘူးဆိုပြီးသွားလိုက်တာ မိရော။ ဘာတင်တင်ကို ဖမ်းပြီးငွေညှစ်တာ။ ပိုက်ဆံပေးပြီးမှ ပြန်လွှတ်ပေးတာ”လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်ထောင်စုလမ်းမကြီးပေါ်မှာတော့ ငွေတောင်းရမ်းတာတွေ လျော့နည်းပေမယ့် အဓိက တောင်ပေါ်ကျေးရွာကနေ ဆင်းလာတဲ့ ဒေသခံတွေကို အဓိကပစ်တ်မှတ်ထားနေတာ ဖြစ်ပါတယ်။

“မိုးကုတ်ကနေ ကျောက်မဲအဝင်ဆို SSPPဂိတ် ၃ခုဖြတ်ရတယ်။ အဲမှာလည်း ပေးရတယ်။ ပြီးတော့ စကစဂိတ်။ အဲမှာတော့ မှတ်ပုံတင်ကအစ အကုန်စစ်တယ်။ အချို့ဆို ပေးမဖြတ်ဘူး။ ပြန်လှည့်ခိုင်းတယ်။ အချို့ကျတော့ ဖမ်းထားပြီးမှ ငွေနဲ့ပြန်ရွေးခိုင်းတယ်”လို့ ဆိုပါတယ်။

ကျောက်မဲမြို့ရပ်ကွက်တွေထဲမှာလည်း သူခိုးတွေပေါများနေပြီး အဲသူခိုးတွေကို အရေးယူတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။

“သူခိုးတွေက အဓိကကတော့ လူမရှိတဲ့အိမ်တွေကို ခိုးတာ။ စကစမြင်တယ်။ ဘာမှမပြောဘူး။ ခိုးတာတို့ဘာတို့ ရပ်ကွက်ကမိဆိုရင်လည်း သူတို့ခိုးတဲ့အိမ်တွေကို ပလောင်စစ်သားတွေနဲ့ စွတ်စွဲပြီး တိုင်တယ်။ အဲတော့ စကစက သူခိုးမဖမ်းဘဲ အဲအိမ်ကို ချိတ်ပြန်လာပိတ်လိုက်တယ်”လို့ နောက်ထပ် သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် အောက်တို့ဘာ ၁ရက်မှာ တအာင်းတပ်မတော်(TNLA)ထံကနေ ပြန်လည်သိမ်းပိုက်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။