ပို့လဘား၊ ဖေဖော်ဝါရီ ၇ ရက်၊ လားရှိုး
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ထဲ ရှော့တိုက်ဒုံး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၇ ရက် မနက် ၈ နာရီဝန်းကျင်မှာ လားရှိုးမြို့ ရပ်ကွက်(၁၁) နယ်မြေ(၉)ထဲ ကျရောက်ပေါက်ကွဲခဲ့တာပဲ ဖြစ်ပါတယ်။
“အဝေးကနေ ပစ်လာတာထင်တယ်။ ကျတာတော့ ရပ်ကွက်(၁၁) နယ်မြေ(၉)ထဲ ကျတယ်။ လူမနေတဲ့အိမ်ထဲမှာ ကျတယ်။ တစ်လုံးက ကွဲပြီး ကျန်တစ်လုံးက မကွဲဘူး”
ပေါက်ကွဲမှုကြောင့် နေအိမ်တစ်လုံး အနည်းငယ် ထိခိုက်ပျက်စီးတာရှိပြီး ထိခိုက်သေဆုံးမှုနဲ့ ဒဏ်ရာရသူ မရှိဘူးလို့ အထက်ပါအမျိုးသားက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၄ ရက်ကလည်း လားရှိုးမြို့ ရပ်ကွက် ၁ နားမခေါ်ဘက် ဗုံးပေါက်ကွဲမှုလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်ကလည်း လားရှိုးမြို့ရှိ ရပ်ကွက် ၅ နဲ့ ၂ ရုံးအပြင် ရပ်ကွက် ၁၂ ရှိ လူနေထူထပ်တဲ့ နေရာတွေမှာ ဗုံး ၃ လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။