ဓာတ်ပုံ – Local

မြတ်နိုး၊ ဇန်နဝါရီ ၅၊ မူဆယ်

မူဆယ်မြို့နယ်၊ နမ့်အွမ်ရွာမှာ မနေ့ ဇန်နဝါရီလ ၄ ရက်နေ့က ဒေသခံတွေရဲ့ နွားခြံတွေကို ကိုးကန့်တပ်က ဖျက်ဆီးပြီး မုံညင်းခင်းထဲကိုပါ ဆိတ်လွှတ်ထည့်နေကြောင်း ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

“သူများ နွားခြံ ဖျက်ပစ်ပြီး သူတို့ (MNDAA) တွေရဲ့ဆိတ်က သူများရဲ့ စိုက်ခင်းကို ဆိတ်လွှတ်ကျွေးနေတယ်။ ကိုးကန့် MNDAA တွေပါ။ သူများ နွားခြံ အကုန်လုံး ဖျက်ဆီးပစ်နေတယ်။” လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။

နွားခြံဖျက်ပြီး အဲဒီနွားခြံရဲ့ တဖက်မှာ MNDAA နဲ့ ဆက်စပ်ပတ်သက်တဲ့ လူတွေကို နေခိုင်းနေပြီး အဲဒီအနီးနားမှာ ကင်းအစောင့်တွေလည်း လာချထားနေတယ်လို့ သူက ပြောပါတယ်။

“မနေ့က အဲဒီ ပြည်သူတွေရဲ့ နွားခြံ ဖျက်ပစ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒီနေ့ ဇန်နဝါရီလ ၅ ရက်နေ့ မနက် သွားပြောဖို့ ဒေသခံ ပြည်သူတွေ MNDAA တွေရှိတဲ့ နေရာ ဝင်ရောက်လာတဲ့ အချိန် သေနတ် နှစ်ချက် ပစ်တယ်။” လို့ နောက်ထပ် ဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။

အဲကိစ္စနဲ့ပတ်သက်ပြီးတော့ ဒေသခံတွေ ကိုးကန့်တပ်ထံ သွားရောက်ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

အခုလို ကိုးကန့်တပ်ရဲ့လုပ်ဆောင်ရတဲ့ အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။