Photo – The Kokang

ရွှေဖီမြေ၊ စက်တင်ဘာ ၃ ရက်၊ လောက်ကိုင်

ကိုးကန့်တပ်မတော်- MNDAA က ကျောင်းမုန့်ဈေးတန်းတွေမှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ တရုတ်စာသားနဲ့တံဆိပ်ပါ သရေစာမုန့်(Junk Food) ရောင်းချတာကို တားမြစ်ပိတ်ပင်လိုက်ပါတယ်။

ကိုးကန့်တပ်ရဲ့ ပညာရေးဌာနနဲ့ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး စက်တင်ဘာ ၁ ရက် ရက်စွဲနဲ့ “ကျောင်းမုန့်ဈေးတန်းများတွင် အန္တရာယ်ရှိ သရေစာ (Junk Food)များ ရောင်းချခြင်းကို တားမြစ်ပိတ်ပင်ခြင်း”ဆိုင်ရာ ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ကြောင်း ကိုးကန့်တပ်ရဲ့ ပြန်ကြားရေးဖြစ်တဲ့ The Kokang သတင်းမှာ ဒီနေ့မနက်က ဖော်ပြလာပါတယ်။

ကလေးငယ်တွေ နေ့စဉ်ဝယ်ယူစားသုံးနေတဲ့ သရေစာမုန့် ၁၀ မျိုးထဲ အသည်းနဲ့ကျောက်ကပ်ကို ထိခိုက်စေနိုင်တဲ့ Sodium Cyclamate (ဓာတုအချိုတု)၊ အာရုံကြော ထိခိုက်စေတဲ့ TBHQ (တာရှည်ခံဆေး)၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ Amaranth Red (ဆိုးဆေးနီ)၊ အရိုးအဆစ် ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ ဖော့စဖိတ်ဒြပ်ပေါင်း၊ နေ့စဉ်စားသုံးသင့်တဲ့ ပမာဏထက် ပိုမိုလွန်ကဲနေတဲ့ ဆားဓာတ်(Sodium) ပါဝင်နေတယ်လို့ ဆိုပါတယ်။

အမိန့်စာ ထုတ်ပြန်တဲ့ရက်ကစပြီး ၁ လအတွင်း ကြိုတင်သတိပေးကာလ (Provision Period)အဖြစ် သတ်မှတ်ပြီးတော့ ဈေးသည်အနေနဲ့ လက်ကျန်မုန့်ကို အမြန်ဆုံး ရှင်းလင်းဖို့နဲ့ နောက်ထပ်အသစ် ထပ်မံ မှာယူတင်သွင်းခြင်း လုံးဝမပြုလုပ်ဖို့ အသိပေးထားပြီး မလိုက်နာရင် ပြင်းထန်စွာ အရေးယူမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တားမြစ်ပိတ်ပင်တဲ့ သရေစာ ၁၀ မျိုးကတော့ La Mo Fang (အစပ်တုံး)၊ KISS TABLETS (အနမ်းချပ်)၊ Su Niu Du (သက်သတ်လွတ် အမဲအူကြမ်း)၊ ဝက်နားရွက်ကြွပ် (香脆辣耳)၊ Yu Mi Chang (ပြောင်းဖူးအူချောင်း)၊ Su Xia Pa Zi (သက်သတ်လွတ် ပင်လယ်ဖားကောင်တု)၊ Xiāng Là Jīn Zhēn Gū (အစပ်မှိုအပ်တို)၊ Wǎnghóng Bàngbàngtiáo (ဝမ်ဟုန် ပန်းပန်းချောင်း)၊ Měi Rì Hǎi Tāi Wèi-Là Piàn (နေ့စဉ်ရေညှိအရသာ အစပ်ချပ်)နဲ့ Duōxīng Lǜshuǎng (ဒေါ့ရှင်း ရွှမ်း အစပ်ချောင်း)တို့ပဲ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။