ရဲမာန်၊ ဇန်နဝါရီ ၂ ရက်၊ ကြို့ပင်ကောက်
ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်မှာ စစ်ကောင်စီတပ်က ဥယျာဉ်ကြီးအုပ်စုထဲက အေးရွာလေးရွာကို ဂျက်ဖိုက်တာနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ၎င်းက ပြောပါတယ်။
“ပေါင် ၂၅၀ ဗုံး ၄ လုံး ကြဲတာပါ။ အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ပါတယ်”
အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၂၈ နှစ်အရွယ်ရှိ မအိသဇင်မိုး သေဆုံးခဲ့တာဖြစ်ပြီး နေအိမ်တွေလည်း ပျက်စီးခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ် ၂၀ ရက် ည ၇ နာရီခွဲမှာ စစ်တပ်က ကြို့ပင်ကောက်မြို့နယ် အရှေ့သရက်ကုန်းရွာကို ဒရုန်းဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် လင်မယား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။