ပို့လဘား၊ ဇန်နဝါရီ ၅ ရက်၊ ၁၀၅ မိုင်

ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ မူဆယ် ၁၀၅ မိုင်မှာ ညီနောင်မဟာမိတ်တပ်ဖွဲ့က ညသန်ခေါင်ယံ လူအိပ်ချိန် အိမ်တံခါးကို ဖျက်ဆီးပြီး လူတွေ ဝင်ရောက်ဖမ်းဆီးနေတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။

၁၀၅ မိုင်မှာရှိတဲ့ ရပ်ကွက် ၃ နဲ့ ရပ်ကွက်၄ က ဒေသခံတွေကို ညီနောင်မဟာမိတ်တပ်ဖွဲ့က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက် ည ၁၀ နာရီဝန်းကျင်မှာ ဒေသခံတွေကို ဖမ်းဆီးတာတွေ ပြုလုပ်နေတာဖြစ်နယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

“ရဲစခန်းမှာ ဖမ်းထားတာ ၈ ယောက်မကတော့ဘူးထင်တယ်။ မနှစ်က အုပ်ချုပ်ရေးမှူးလုပ်တဲ့တစ်ယောက်လည်း ပါသွားတယ်။ သူ့ကိုရိုက်နှက်နေကြတာ။ သူတောင်မထနိုင်တော့ဘူး။ တခြားသူကိုလည်း သူတို့က ကြိုးတုပ်ပြီး ရိုက်နေကြတာ။ သူများလာမေးရင် ဘာကြောင့်ဖမ်းတာလဲ။ မူးယစ်ဆေးဝါးသုံးစွဲလို့ ဖမ်းတာလား။ ဘာကြောင့်ရိုက်တာလဲလို့မေးရင် သူတို့ပြန်အော်တယ်။ လာမမေးနဲ့တဲ့။ သူတို့မပြောပြဘူး”

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်ကလည်း ၁၀၅ မိုင်က ရပ်ကွက်၃မှာရှိတဲ့ ဒေသခံနေအိမ်တချို့ကို ညီနောင်မဟာမိတ်တပ်ဖွဲ့က လာရောက်ဖျက်ဆီးခဲ့တာတွေ ရှိတယ်လို့ ပြောပါတယ်။

“သူတို့က ည ၁၀ နာရီ သူများအိပ်တဲ့အချိန်ရောက်ပြီဆို သူတို့တံခါးလာခေါက်ပြီ။ အခုဆို ဘယ်သူမှ မဖွင့်ရဲပေးတော့ဘူးလေ။သူတို့ဖမ်းသွားမာကြောက်လို့။ တံခါးမဖွင့်ပေးရင်လည်း သူတို့က အိမ်တံခါးတွေကို ဖျက်ဆီးလိုက်ကြတယ်။ ဘာကြောင့်ဖမ်းသွားလဲ မေးရင် သူတို့မပြောပြဘူး။ မိန်းကလေးတွေ​ကော ယောကျာ်းလေးတွေကော ဖမ်းသွားတယ်”

အဲဒီ ညီနောင်မဟာမိတ်တပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဒေသခံတွေကို လက်ရှိအချိန်ထိ ပြန်လွှတ်ပေးတာမရှိသေးဘဲ နေ့စဉ်လိုလို ကြိုးတုပ်ပြီး ရိုက်နှက်ခံနေရတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးရိုက်နှက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး‌တော့ ဒေသခံတွေက မူးယစ်ဆေးဝါးလို့ ပြောကြပေမယ့် ရွှေဖီမြေအနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

၁၀၅ မိုင်မှာ အာရက္ခတပ်တော်(AA) အပါအဝင် တအာင်းတပ်မတော် (TNLA)နဲ့ကိုးကန့်တပ်(MNDAA) တို့ ပူပေါင်းထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။