အလင်း၊ မေလ ၉ ရက်၊ တီးတိန်

ချင်းပြည်နယ် တီးတိန်မြို့ပေါ်ရှိ တပ်ကုန်းသို့ အင်အား ဖြည့်တင်းဖို့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀၀ ခန့်ဟာ မနေ့ မေလ ၈ ရက် ညနေပိုင်းမှာ မြို့ထဲ ထပ်မံ ဝင်ရောက်ကာ နေရာယူထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ဘက်ကနေ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မေလ ၈ ရက် ညနေ ၄ နာရီဝန်းကျင်မှာ တီးတိန်မြို့အဝင်သို့ ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။

“မြန်မာပြည်က ရှိသမျှ စစ်သားတွေအကုန်လုံး တီးတိန်မြို့ကို ရောက်လာသလိုပါပဲ။ အင်အားတွေ အတော်များတယ်။ ခြေလျင်နဲ့ ကားရောပဲ။ မြို့ထဲမှာလည်း စစ်သားတွေ ခြေရှုပ်နေကြတယ်” လို့ တီးတိန်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

စစ်ကောင်စီ စစ်ကြောင်းဟာ မေလ ၁ ရက်ကစပြီး တီးတိန်မြို့ဘက် ဦးတည်ကာ ချီတက်လာတာ ဖြစ်ပြီးတော့ လမ်းခရီးမှာ ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့နဲ့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက ခုခံတားဆီးခဲ့ပေမဲ့လည်း စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ စစ်ရှိန်မြှင့် တိုက်ခိုက်ခဲ့တာကြောင့် ကနေဒီတောင်စခန်းကို လက်လွှတ်ခဲ့ရပြီး အခုလို မြို့ထဲအထိ ဝင်ရောက်လာတာ ဖြစ်ပါတယ်။

“ကျနော်တို့ လမ်းတစ်လျှောက် ခုခံနေပေမဲ့လည်း စစ်ကောင်စီဘက်က လက်နက်အင်အား၊ လူအင်အားအပြင် လေကြောင်း ပစ်ကူကလည်း အရှိန်မြင့် လုပ်ဆောင်လာတဲ့အတွက် ရက်ရှည် မတားဆီးနိုင်ခဲ့ဘူး” လို့ ရှေ့တန်းစစ်ရေးသတင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိမှာ စစ်တပ်က မြို့တွင်းမှာ နေရာယူထားတာကြောင့် ဒေသခံတွေအကြား စိုးရိမ်မှု မြင့်တက်နေပါတယ်။

ဒါ့အပြင် မြို့သိမ်းတိုက်ပွဲ ဖြစ်ပွားလာနိုင်တဲ့ အခြေအနေကြောင့် မြို့ခံအများစုဟာ အိန္ဒိယနယ်စပ်နဲ့ ကလေးမြို့ဘက် ကြိုတင်တိမ်းရှောင်နေကြရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။