ယာရူစိင်၊ ဇူလိုင် ၁ ရက်၊ သီပေါ

စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် သီပေါမြို့ ဖောင်ဆိပ်ကူးတဲ့နေရာမှာ ဓာတ်ပုံ ရိုက်ကူးတဲ့သူတွေကို စစ်တပ်က ဖမ်းဆီးနေတယ်လို့ သီပေါမြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကို ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၄ ရက်မှာ သီပေါတံတားကို စစ်တပ်က ဖြတ်သန်းသွားလာခွင့် ရက်အကန့်အသတ်မရှိ ပိတ်ထားတာကြောင့် ခရီးသွားဒေသခံတွေအနေနဲ့ ဖောင်ဆိပ်ကနေတဆင့် ဖြတ်သန်းသွားလာနေရတာပဲ ဖြစ်ပါတယ်။

“ဖမ်းဆီးမှုတွေ လုပ်တာက ဒီနှစ်ထဲမှ စလုပ်တာ။ တချို့ကျတော့လည်း ဗီဒီယိုရိုက်ပြီး တင်နေကြတာပဲ။ သူတို့ တွေ့ရင်တွေ့သလို ဖမ်းတာ။ မီဒီယာတွေထံ သတင်းပေးဖြစ်မှာဆိုးလို့ ဖမ်းတာတဲ့”

ဇန်နဝါရီကနေ ဇွန်လအထိ ဖောင်ဆိပ်မှာ ခွင့်ပြုချက် မရဘဲ ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်တဲ့ ဒေသခံ ၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောဆိုပေမဲ့ ရွှေဖီမြေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးတာကြောင့် ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

“တံတားပေါ်ကိုတော့ သူတို့ရဲ့အထက်က အရာရှိလူကြီးတွေရဲ့ကားပဲ ဖြတ်သန်းသွားလာလို့ ရတာ။ ကျန်တာဆို ဘာမှမရဘူး။ တခါတလေကျ တွဲကားတွေတော့ သူတို့ပေးသွားတယ်” လို့ နောက်ထပ် မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကမ်း ကူးခကို လူတစ်ယောက် ငွေ ၁ သောင်း ကောက်ခံတာဖြစ်ပြီး ယာဉ်တွေတော့ ၂ သောင်းကနေ ၅ သောင်းကျပ်အထိ ကောက်ခံနေတာလို့ ဆိုပါတယ်။

စစ်တပ်နဲ့ ကိုးကန့်တပ်တို့ သီပေါတံတားကို အပြန်အလှန် ပိတ်ထားရာကနေ ဇန်နဝါရီ ၂ ရက်မှာတော့ ကိုးကန့်တပ်က ဂိတ်ကနေ ဆုတ်ပေးခဲ့ပါတယ်။

ခရီးသွား၊ ကားသမားနဲ့ ဒေသခံတွေ သွားလာရေး အဆင်ပြေစေဖို့အတွက် တာဝန်ရှိသူတွေအနေနဲ့ တံတားကို အမြန်ဆုံး ဖွင့်လှစ်ပေးဖို့ ဒေသခံတွေက တောင်းဆိုထားကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။