ဓာတ်ပုံ – CJ (ပုံဟောင်း – တန့်ယန်းက စစ်ကောင်စီတပ်ရဲ့ ဂိတ်တစ်နေရာ)

လွေးထွေး၊ ဇန်နဝါရီ ၇ ရက်၊ ပြင်ဦးလွင်

‎မန္တလေးတိုင်း ပြင်ဦးလွင်နဲ့ မန္တလေးကြားရှိ ဇီးပင်ကြီးဂိတ်မှာ နောင်ချိုကနေ ဆင်းလာတဲ့ ကားသမား ၃ ဦးနဲ့ မန္တလေးကနေ တက်လာတဲ့ ကားသမား ၂ ဦးကို ဇီးပင်ကြီးဂိတ်ရှိ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာလို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီဝန်းကျင်မှာ ဘိလပ်မြေ၊ ကုန်မာနဲ့ ကုန်စုံတွေ တင်ထားတဲ့ ၉/ မှတ်ပုံတင်နဲ့ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားတဲ့ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်း‌ဆီးထားတာ ဖြစ်ပါတယ်။

‎ဖမ်းဆီးခံရတဲ့ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရသူ အမျိုးသားက “ကျနော်တို့ရှေ့ လေးငါးစီးလောက်မှာဘဲ အစက စစ်နေတာ။ ပြီးမှ ဟိုဘက်အတက်တွေရော ဖမ်းနေတာဆိုတော့။ ကျနော်တို့ပါ သွားပြီပေါ့။ ဒါပေမဲ့ အဲလောက်ဘဲ ခေါ်သွားပြီး ကျနော်တို့ကို လွှတ်လိုက်တာ” လို့ ပြောပါတယ်။

‎၎င်းဖမ်းဆီးခံရသူ ၅ ဦးထဲမှာ တအာင်းလူမျိုး ၂ ဦး ပါဝင်ပြီး ဒီနေ့ ဇန်နဝါရီ ၇ ရက် မနက်ပိုင်း သတင်းရေးသားနေချိန်အထိ ပြန်မလွှတ်လာသေးပါဘူး။

‎ဖမ်းဆီးခံရတဲ့ ကားသမားနဲ့ နီးစပ်သူတစ်ဦးကလည်း “သူနဲ့ အခုအထိ ဆက်သွယ်လို့ မရသေးဘူး။ ဖမ်းခံရတယ်လို့ သိတာက သူ့သူငယ်ချင်းတွေ ပြန်လာပြောပြတာ” လို့ ပြောပါတယ်။

‎ဖမ်းခံရတဲ့ ကားသမားနဲ့ ကုန်ပစ္စည်းတွေကို ငွေနဲ့ ပြန်လာထုတ်ဖို့ ဖမ်းခံရတဲ့ မိသားစုဝင် တချို့က ပြောဆိုတာရှိပေမဲ့ ရွှေဖီမြေက သီးခြားအတည်မပြုနိုင်သေးပါဘူး။

‎အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်ကလည်း ပြင်ဦးလွင်မြို့ထဲ ဝင်တဲ့ လူထုတချို့ကို ဇီးပင်ကြီးဂိတ်ရှိ စစ်ကောင်စီတပ်က မှတ်ပုံတင်ပေးထားဖို့ ပြောခဲ့ပြီး မပေးရင် ငွေကျပ် ၃ သောင်း ပေးဖို့ ခြိမ်းခြောက်ခဲ့တာတွေလည်း ရှိပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။