ရွှေဖီမြေ၊ မတ်လ ၅ ရက်
တရုတ်က မြန်မာနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေဘက် လောင်စာဆီ တင်ပို့ရောင်းချတာတွေကို ယာယီ ရပ်ဆိုင်းဖို့ မနေ့ မတ်လ ၄ ရက်မှာ ညွှန်ကြားချက်တစ်ခု ထုတ်ပြန်စာတစ်စောင်ပြန့်နှံ့နေပါတယ်။
အဲဒီညွှန်ကြားချက်ထဲ လောင်စာဆီ တင်ပို့မှု စာချုပ်သစ်တွေကို မချုပ်ဆိုဖို့၊ အရောင်းအဝယ် ဖြစ်ပြီးသား တင်ပို့မှု စာချုပ်ကို ညှိနှိုင်းဖျက်သိမ်းဖို့နဲ့ အရောင်းအဝယ် ဖြစ်ပြီးပေမဲ့ တင်ပို့မှု မလုပ်သေးရင် ဖျက်သိမ်းဖို့ဆိုတဲ့ ကုန်သွယ်ရေးဌာနနဲ့ ကုမ္ပဏီတွေ လိုက်နာရမယ့် အချက် ၃ ချက် ပါဝင်ပါတယ်။
တရုတ်ဖက်က အဲဒီညွှန်ကြားချက် မထုတ်ပြန်ခင် မြောက်ပိုင်းမဟာမိတ်တပ် ထိန်းချုပ်တဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကနေ တရုတ်လောင်စာဆီ ပုံမှန်တင်ပို့ခဲ့တာပဲ ဖြစ်ပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ညီနောင်မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ ကျင်စန်းကျော့ နယ်စပ်ဂိတ်ကနေ တစ်ရက်ကို တရုတ်လောင်စာဆီတင်ကား ၅ စီးထက်မနည်း ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။