ဓာတ်ပုံ – CJ

အိုက်ပွီး၊ ဒီဇင်ဘာလ ၃၁ ရက်၊ တီးတိန်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ဆဲဇန်ကျေးရွာမှာ စစ်ကောင်စီတပ် ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့ ဒီဇင်ဘာလ ၃၀ ရက် ညနေ ၅ နာရီဝန်းကျင်မှာ တီးတိန်အခြေစိုက် ခလရ ၂၆၉ တပ်ရင်းမှ ရမ်းသမ်းပစ်ခတ်တဲ့ လက်နက်ကြီးကျည်တစ်လုံးဟာ ဆဲဇန်ကျေးရွာမှာ ကျရောက်ပေါက်ကွဲလို့ ထိခိုက်သေဆုံးခဲ့တာဖြစ်ပါတယ်။

“ညနေဘက် မိသားစုတွေ ထမင်းစားကြတာ။ ကလေးက ပန်ကန်သွားဆေးတဲ့ခါ စကစ လက်နက်ကြီးကျည် ထိမှန်ပြီးတော့ ပွဲချင်းပြီး ဆုံးသွားတယ်။ နောက်ထပ် ကလေးတစ်ယောက်လည်း လက်မောင်းမှာ ထိမှန်ပြီး ဒဏ်ရာရတယ်။” လို့ တီးတိန်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

သေဆုံးသူဟာ အသက် (၈) နှစ်အရွယ် Grade -1 ကျောင်းသားဖြစ်တဲ့ မောင် Pau Muan Sang ဖြစ်ပြီး ဒဏ်ရာရရှိသူဟာ အသက်(၁၄) နှစ်အရွယ်ဖြစ်ပါတယ်။

မနေ့ညနေပိုင်းက တီးတိန်အခြေစိုက် ခလရ ၂၆၉ တပ်ရင်းမှ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးကျည်တွေ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

တီးတိန်မြို့နယ်ရှိ တီးတိန်-ကလေး ကားလမ်းမပေါ်မှာလည်း စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (ဇိုလဲန်း) တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။

ဒါကြောင့် တီးတိန်-ကလေး ကားလမ်းမကို ပြည်သူတွေအနေနဲ့ အသုံးမပြုဖို့ PDF-Zoland က မနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့က အသိပေးထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။