ဓာတ်ပုံ – CJ

အလင်း၊ ဇန်နဝါရီ ၁၅ ရက်၊ ရခိုင်

အာရက္ခတပ်တော် (ULA/AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်နဲ့ ဂွမြို့နယ်မှာ စစ်ဘေးရှောင် လူငယ်တစ်ဦးအပါအဝင် အမျိုးသားနှစ်ဦး လုယက်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှာ နေထိုင်တဲ့ အသက် (၆၀) ကျော်အရွယ် ဦးခင်မောင်ညွန့်ဟာ သူနေတဲ့အိမ်မှာ ဇန်နဝါရီလ ၁၃ ရက်နေ့၊ မနက် ၇ နာရီဝန်းကျင်မှာ ဓားပြတိုက်ခံရပြီး သတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။

“ဦးလေးရဲ့ မိန်းမက မနက်အစော ကားကြီးကွင်းမှာ စျေးရောင်းဖို့ ထွက်တော့ အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့တာ။ အဲအချိန်မှာ ဓားမြတိုက်ခိုက်ခံရတာပါ။ လည်ပင်းကိုလည်း ဓားထိုးပြီး အိမ်နောက်ဖက်မှာ ရေမြောင်းမှာ ပစ်ထားခဲ့တယ်။” လို့ တောင်ကုတ်မြို့ခံ အမျိုးသမီးတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဓားပြတိုက်ခိုက်ခံရပြီး ငွေသား သိန်း ၇၀ ကျော်လည်း ပျောက်ဆုံးသွားတယ်လို့ သိရပါတယ်။

အလားတူ ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ကိုင်းတောကွင်းရွာမှာလည်း ဇန်နဝါရီလ ၁၀ ရက်က အသက် (၁၅) နှစ်အရွယ် သံတွဲမြို့နယ်က စစ်ဘေးရှောင်တဲ့ လူငယ်တစ်ဦး လမ်းမှာ ဆိုင်ကယ်လုယက် သတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။

“သံတွဲကနေ ဂွဘက်မှာ စစ်ဘေးရှောင်တဲ့ လူငယ်ပါ။ သူက ကလေးတွေကို စာသင်နေတာ။ ကိုင်းတောကွင်းရွာကနေ အပြန်လမ်းမှာ ဆိုင်ကယ်လုခံရတာပါ။ လှည်းပင်း၊ ရင်အုံ၊ ဝမ်းဗိုက် တကိုယ်လုံး ဓားထိုးခံရတဲ့ဒဏ်ရာတွေနဲ့ပါ။” လို့ ဂွမြို့နယ် စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

လက်ရှိမှာ ဓားပြတိုက်ပြီး လူသတ်မှု ကျူးလွန်တဲ့ တရားခံတွေကို ဖမ်းမိနိုင်ရေးအတွက် အာရက္ခတပ်တော် (AA) ရဲ့ ရဲတပ်ဖွဲ့တွေက ဆက်လက်စုံစမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။