အိုက်ပွီး၊ ဇန်နဝါရီလ ၉ ရက်၊ တီးတိန်

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်နှစ်လုံး ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၈ ရက် ညနေ ၆ နာရီခန့်မှာ အရပ်သားပြည်သူတွေ နေထိုင်တဲ့ Leitawhtan ရပ်ကွက်ထဲကို စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ရပ်ကွက်ထဲက နေအိမ်တစ်လုံး တည့်တည့်ထိတယ်။ အဲဗုံးသီးကျတဲ့ အိမ်က လုံးဝ ပျက်စီးသွားတယ်။ သူ့အိမ်အနားက အိမ်တစ်လုံးလည်း ပျက်စီးသွားတယ်။” လို့ တီးတိန်မြို့ခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဒရုန်းဗုံးသီး ထိမှန်တဲ့ ဦးထွန်းဇာမန် နေအိမ်မှာ လုံးဝ ပျက်စီးသွားသလို ဦးပွန်ခန့်အင်ပေါင် ရဲ့ နေအိမ်လည်း ပျက်စီးသွားပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။

တီးတိန်မြို့မှာ စစ်ရေးတည်ငြိမ်နေပြီး တီးတိန်-ကလေး ကားလမ်းပေါ်က ကနေဒီတောင် စခန်းကို ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီ ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်သုံ့ပန်းအဖြစ် ၂၀ ဦးကို ဖမ်းဆီးရမိပြီး လက်နက် ၃၀ ကျော်နဲ့ ခဲယမ်းအများပြားကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ချင်းညီနောင် (CB) နယ်မြေဖြစ်တဲ့ တီးတိန်မြို့ကို အခု နှစ် ၂၀၂၆ ခုနှစ်မှာ သိမ်းပိုက်သွားမယ်လို့ CB စစ်ရေးကော်မတီဥက္ကဋ္ဌ ဆလိုင်းထန်းချွန်းဖေက ဇန်နဝါရီ ၃ ရက်မှာ ပြုလုပ်တဲ့ နှစ်သစ်ကြိုဆိုပွဲ အခမ်းအနားမှာ ပြောဆိုထားပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။