ဓာတ်ပုံ – CJ

အလင်း ၊ ဇန်နဝါရီ ၁၇ ရက်၊ တမူး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ် ၁၂ ဦးဟာ တစ်စုံတစ်ရာ အဆက်သွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့ မိသားစုဝင်တွေက ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီလူငယ်တွေဟာ တမူးမြို့နယ်၊ ကွမ်းတောင်ကျေးရွာက လူငယ်တွေဖြစ်ပြီး စိုက်ပျိုးရေးခြံမှာ အလုပ်လုပ်နေရင်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အမည်မသိ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုရဲ့ ဖမ်းဆီးတာကို ခံရတာဖြစ်ပါတယ်။

“ရွာမှာက စစ်ကောင်စီ၊ ပျူစောထီးတွေ အရမ်းခြေရှုပ်တယ်။ ကလေးတွေ ပေါ်တာဆွဲခံရမှာလည်း စိုးရိမ်လို့ စိုက်ခြံမှာ အလုပ်လုပ်ရင်း ညအိပ်ထားခဲ့တာပါ။ စိုက်ခြံမှာပဲ လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းဆီးခေါ်ဆောင်သွားတာပါ” လို့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဖမ်းဆီးတဲ့ အဖွဲ့အစည်းဟာ မည်သည့်အဖွဲ့အစည်းတွေဖြစ်ကြောင်း မသိရှိသလို အဖမ်းခံရတဲ့ လူငယ်တွေနဲ့လည်း ဒီကနေ့ထိ မည်သည့် အဆက်သွယ်မရဘဲ မိသားစုဝင်တွေက ၎င်းတို့ရဲ့အသက်အန္တရာယ်အတွက် စိုးရိမ်နေကြပါတယ်။

“ကလေးတွေက ဘယ်နေရာမှာ ဘယ်သူတွေက ဖမ်းသွားတာလဲဆိုတာ သိရရင် တော်သေးတယ်။ အခုက ဖမ်းခေါ်သွားကတည်းက ဘာမှအဆက်သွယ်မရတော့ ပိုစိတ်ပူတာပေါ့။ ကလေးတွေက အဆင်ကြရဲလားပေါ့။ သူတို့ကို ပြန်လွတ်ပေးစေချင်ပါတယ်။” လို့ မိသားစုဝင်တစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

တမူးမြို့နဲ့အနီးအနား ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက မကြာခဏ စစ်မှုထမ်းဖို့ လူငယ်တွေဖမ်းဆီးမှုတွေရှိတာကြောင့် လူငယ်တွေဟာ အခုလို တောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။