ဓာတ်ပုံ – Google

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁ ရက်

‎စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း မြန်မာနိုင်ငံက အမျိုးသမီးတွေက ပဋိပက္ခနဲ့ ဆက်စပ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုပေါင်း ၉၆၃ အကြိမ်အထိ ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် WLB ရဲ့ စာရင်းအရ သိရပါတယ်။

‎၎င်းအရေအတွက်ဟာ စစ်တပ်နဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်တို့ နှစ်ဖက်စလုံးက ကျူးလွန်ခဲ့တဲ့ အကြိမ်ရေဖြစ်တယ်လို့ ဆိုပါတယ်။

‎ကရင်နီ(ကယား) ပြည်နယ်မှ ၃၆၅ ကြိမ်နဲ့ ပထမ အများဆုံးဖြစ်ပြီး စစ်ကိုင်းတိုင်း ဒေသကြီးမှ ၃၄၉ ကြိမ်နဲ့ ဒုတိယအများဆုံးနဲ့ ရှမ်းပြည်နယ်မှ ၁၀၂ ကြိမ် တတိယအများဆုံးအပြင် တခြားပြည်နယ်နဲ့ တိုင်းတွေမှာလည်း ဖြစ်ပွားခဲ့ပါတယ်။

‎ကျူးလွန်တဲ့ အရေအတွက်ဟာ များတဲ့ပမာဏဖြစ်နေပေမဲ့ အပြစ်ပေးအရေးယူမှု မရှိတာကြောင့် ကျူးလွန်ခွင့်တွေ ရနေကြတာကို မြင်တွေ့ရကြောင်း WLB ရဲ့ မူဝါဒရေးရာ ဦးဆောင်အဖွဲ့ဝင် ဖိုးဒါးက ဆိုပါတယ်။

‎”နိုင်ငံတကာ စံချိန်စံနှုန်းနဲ့ ဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်။ ဒါက လုံးဝ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ ဒါကြောင့် အကြမ်းဖက်မှုတွေ ပပျောက်ဖို့ စနစ်တကျကိုင်တွယ်ဖို့ လိုတယ်” လို့ ဆိုပါတယ်။

‎အကြမ်းဖက်မှုကို ဘယ်အုပ်စုက ကျူးလွန်ပါစေ တရားမျှတမှုရဖို့နဲ့ အမှုမှန်ပေါ်ဖို့ WLB က ထုတ်ဖော်ရမှာဖြစ်သလို လိုအပ်တဲ့ အကူအညီတွေလည်း ပေးဖို့လိုကြောင်းနဲ့ ကင်းလွတ်ခွင့်ရတဲ့ ယဉ်ကျေးမှုကို အဆုံးသတ်နိုင်ဖို့အတွက် အဖွဲ့ဝင်တွေနဲ့အတူ ကြိုးစားသွားမယ်လို့လည်း သူမက ဆိုပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။