ဓာတ်ပုံ – CJ

အလင်း၊ ဇန်နဝါရီလ ၃၁ ရက်၊ ဖလမ်း

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်မှာ ချင်းတော်လှန်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတယ်လို့ ဒေသခံတွေက ရွှေဖီမြေသို့ ပြောပါတယ်။

ဖလမ်းမြို့အနီး ခွန်လီကျေးရွာမှာ မနေ့ ဇန်နဝါရီ ၃၀ ရက်နေ့က စစ်ကောင်စီ တပ်တွေ ခြေကုပ်နေရာယူထားတဲ့ စခန်းတွေကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက တပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

“ခွန်လီရွာမှာ စစ်ကောင်စီတပ်တွေ ခြေကုပ်နေရာယူထားတယ်။ အဲရွာက စစ်ကောင်စီက ရှေ့ဆက်မတိုးတော့ဘဲ အခြေချတာပါ။ ဖလမ်းမြို့နဲ့လည်း သိပ်မဝေးဘူး။ မနေ့က ကျနော်တို့က တပြိုင်နက် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ပါတယ်” လို့ ရှေ့တန်းစစ်ရေးသတင်းအရင်းမြစ်က ရွှေဖီမြေသို့ ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများသလို ချင်းတော်လှန်ရေးတပ်ဖွဲ့ဘက်က CDF (ဟွာငိုရမ်) ရဲဘော်တစ်ဦး ကျဆုံးခဲ့ပြီး ရဲဘော်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရှေ့တန်းစစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။

ဒါ့အပြင် ဖလမ်းမြို့အရှေ့ဘက်မှာလည်း တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ ဆီမ်ဒီးကျေးရွာကို စစ်ကောင်စီက မနေ့ ဇန်နဝါရီလ ၃၀ ရက် ညနေ ၃ နာရီခန့်မှာ Y-12 လေယာဉ်နဲ့ ဗုံးသီး ၈ လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး နေအိမ် ၃ လုံး မီးလောင်ပြာကျခဲ့ပါတယ်။

“ဖလမ်းမှာ စစ်ကြောင်းထိုး တိုက်ပွဲဖြစ်ကတည်းက ရွာသားတွေက ရွာမှာမနေတော့ဘဲ ကြိုတင်ထွက်ပြေးတိမ်းရှောင်ခဲ့လို့ အရပ်သားတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘူး။ နေအိမ် ၃ လုံး ပြာကျသွားတယ်။ တခြားအိမ်တွေလည်း အနည်းငယ် ပျက်စီးမှုရှိတယ်။” လို့ ဒေသခံတစ်ဦးက ရွှေဖီမြေသို့ ပြောပါတယ်။

ဇန်နဝါရီလ ၂၈ ရက်နေ့ကလည်း ဖလမ်းမြို့နယ် Sunthla ကျေးရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ် ၁ လုံး မီးလောင်ကာ ၅ လုံးထက်မနည်း ပျက်စီးခဲ့ပါတယ်။

ဒေသခံတွေဟာ လေကြောင်းရန်ကြောင့် ကြိုတင်တိမ်းရှောင်နေကြလို့ လူထိခိုက်ဒဏ်ရာရမှုတော့ မရှိဘူးလို့ သိရပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။