လွေးဇွန်မိုး၊ ဇန်နဝါရီ ၂၆ ရက်၊ ကျောက်ဆည်

အမျိုးသားညီညွတ်ရေးအစိုးရ- NUG ရဲ့ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲမေတစ်ဦး အဓမ္မပြုကျင့် သတ်ဖြတ်ခံရတာနဲ့ပတ်သတ်ပြီး အမှုမှန် ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ မိသားစုဝင်တွေက တောင်းဆိုထားပါတယ်။

ဖြစ်စဥ်ဟာ ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ၁ ဦးနဲ့ ရဲမေ ၂ ဦးတို့ဟာ အဖွဲ့​မှာ တာဝန်မထမ်းဆောင်ချင်တာကြောင့် တခြားတော်လှန်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်ဖို့ ထွက်ပြေးရာ ငါးဇွန်မြို့နယ် တိုက်နယ်အုပ်ကြီးတစ်ဦးမှ တရားဝင်ဖြစ်စေရန် ကျောက်ဆည်မြို့နယ် ပကဖ ကို ပြန်အပ်ခဲ့တာကြောင့် ရဲဘော်တစ်ဦးနဲ့ ရဲမေ ၂ ​ဦးတို့ကို ကျောက်ဆည်မြို့နယ် ပကဖ က ရိုက်နှက်နှိပ်စက်တာတွေ ပြုလုပ်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ရဲဘော်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခု​နှစ် အောက်တိုဘာ ၆ ရက် ညနေ ၇ နာရီဝန်းကျင်မှာ ကျောက်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ စခန်းမှူး အဏ္ဏဝါ(ခ) စောသက်နောင်ဆိုသူဟာ အဆိုပါ ထွက်ပြေးသွားတဲ့ ရဲမေထဲက ရဲမေဒေါင်းမလေးဆိုသူကို အလိုမတူပဲ အဓမ္မနှစ်ကြိမ်ပြုကျင့်ခဲ့တယ်လို့ အထက်ပါ အမျိုးသမီးက ဆက်ပြောပါတယ်။

“သုံးယောက်ပြန်ဖမ်းမိတာကိုမှ ယောက်ျားလေးကိုကျတော့ ယောက်ျားလေးအဆောင်ရဲ့ မြောက်ဘက်မှာ ထိပ်တုံးခတ်တယ်။ ညီမလေးကိုတော့ မိန်းကလေးအဆောင်ဘေးမှာ ကြိုးနဲ့ချည်ထားတယ်။ အဲဒီ သေသွားတဲ့ ရဲမေကိုကျတော့ သူ့တို့ယောက်ျားလေး အဆောင်ရှေ့မှာပဲ ကြိုးချည်ထားတာ။ ခေါ်သွားတာက မနက်ဖန်သတ်မယ်ဆို ဒီနေ့ညလိုမျိုး ခေါ်သွားတာ။ ညီမလေးတို့ မျက်မြင်တော့မရှိဘူးပေါ့။ သူကိုယ်တိုင်ပြောပြသွားတာ။ မသေခင်မနက်ခင်းမှာ။ သူ(ပြုကျင့်ခံရသူ)က အဲလိုမျိုး သူ့ကိုလုပ်တယ်ပေါ့။ ဘယ်သူ့ကိုမှ မပြောပါနဲ့တဲ့။ ပြောရင် သူတို့သတ်မှာလို့ပြောတာတဲ့”

အဓမ္မပြုကျင့်ပြီးနောက်နေ့ အောက်တိုဘာ ၇ ရက်မနက်မှာ အဆိုပါ ရဲမေကို ရဲဘော်မျိုးနိုင်ဦးနဲ့ ရဲဘော်ဝေကြီးတို့က လာရောက်ခေါ်ဆောင်သွားပြီးနောက် တစ်နာရီအကြာမှာတော့ အဝတ်အစားမပါတဲ့ ရဲမေရဲ့ ရုပ်အလောင်းကို ဧရာဝတီမြစ်ထဲ​မျောပစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဥ်နဲ့ပတ်သတ်ပြီး အဓမ္မပြုကျင့်ခံရပြီး သတ်ခံရတဲ့ ရဲမေ ဒေါင်းမလေးရဲ့ မိသားစုဝင်တွေက ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့မှာ NUG ထံ တိုင်ကြားထားပေမယ့် လက်ရှိအချိန်ထိ စစ်ဆေးအရေးယူမှုတွေ လုပ်ပေးတာမရှိဘူးလို့ ဖြစ်စဥ် သိရှိသူ ကျောက်ဆည်မြို့နယ် ပကဖမှ အမျိုးသားတစ်ဦးက ပြောပါတယ်။

“အဓိကကတော့ သူတို့(ကျန်ရစ်သူ မိသားစုဝင်)က ရှင်းရှင်းလေးပဲ။ အမှုမှတ်ပေါ်ပေါက်ရေးပဲ။ သူတို့က ဒီအမှုကို ပေါ်ပေါက်အောင် ဆောင်ရွက်ပေးပါ။ အခု NUG ကို တိုင်ကြားထားတယ်။ တစ်လကျော်ပြီ ဘာမှစုံစမ်းစစ်ဆေး အရေးယူခြင်းမရှိတဲ့အတွက်ကြောင့်မို့”

အဓမ္မပြုကျင့်ခံရတဲ့ ရဲမေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေဟာ ပြုကျင့်ခံရသူ ရဲမေအတွက် အမှုမှန်ပေါ်ပေါက်ပြီး တရားမျှတမှုရအောင် ဆောင်ရွက်ပေးဖို့ NUG ကို တောင်းဆိုထားပါတယ်။

ရဲမေ ဒေါင်းမလေးဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှာ ကျောက်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှာ စတင်တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။