ရဲမာန်၊ ဖေဖော်ဝါရီ ၂၄ ရက်၊ ပုဏ္ဏားကျွန်း
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် စစ်ဘေးရှောင်နေထိုင်တဲ့ ယိုးငူကျေးရွာ ဗုံးကြဲမှုမှာ သေဆုံးသူ ၁၂ ဦးထိရှိလာပြီး၂၀ ဦးဒဏ်ရာရရှိတယ်လို့ မြေပြင်နဲ့ နီးစပ်သူက ရွှေဖီမြေကို ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ် ၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးကြဲချတိုက်ခိုက်တာဖြစ်တယ်လို့ ၎င်းကပြောပါတယ်။
“သေဆုံးတာ ၁၂ ဦးရှိလာပြီး လောလောဆယ် ဒဏ်ရာရတာက ၂၀ ဦးပါ”
အဆိုပါဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတွေသေဆုံးခဲ့တဲ့အပြင် အရပ်သားနေအိမ်တချို့နဲ့ ဈေးဆိုင်တွေလည်း မီးလောင်ပျက်စီးခဲ့ရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၈ ရက် နေ့လည် ၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က သံတွဲမြို့ အမှတ် ၃ ရပ်ကွက်ကို ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၁ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ကြောင့် အရပ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။