ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၁ ရက်
စစ်တပ် အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်းမှာ စစ်ကောင်စီတပ်ကြောင့် ကလေးအပါအဝင် အရပ်သား ၇,၇၃၈ ဦး သေဆုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သေဆုံးသူစာရင်းတွေဟာ AAPP က အတည်ပြုနိုင်တဲ့ အရေအတွက်သာဖြစ်ပြီး ထပ်အတည်ပြုဖို့ လိုအပ်နေတဲ့ နောက်ထပ်စာရင်း ၄,၅၀၀ ဝန်းကျင်ရှိကြောင်းကိုလည်း ရေးသားထားပါတယ်။
သေဆုံးသွားသူတွေဟာ ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူတွေဖြစ်ပြီး စစ်ကြောရေး၊ စစ်တန်းလျား၊ ထောင်တွင်းနဲ့ ပြင်ပချုပ်နှောင်ချိန်တွေ စစ်ကောင်စီတပ်ရဲ့ ရိုက်နှက်နှိပ်စက်တာကို ခံခဲ့ကြရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဏာသိမ်းကတည်းက စစ်တပ်ဟာ လုထု ၃၀,၃၅၇ ကိုလည်း ဖမ်းဆီးခဲ့ပြီး ကလေး ၂၄၉ ဦးနဲ့ အမျိုးသမီး ၄,၂၉၀ ဦးအပါအဝင် စုစုပေါင်း ၂၂,၇၆၇ ဦးက ထိန်းသိမ်းခံထားရဆဲဖြစ်သလို ၁ သောင်းနီးပါးက ပြန်လွှတ်လာခဲ့ပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။