ဓာတ်ပုံ – The Kokang

မိုင်းဖိူမ်းဆငဲ၊ ဇန်နဝါရီ ၁၄ ရက်

ကိုးကန့်တပ်မတော် – MNDAA နဲ့ ‘ဝ’တပ်မတော် – UWSA တို့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ သူတို့ထုတ်ပေးတဲ့ ယာဥ်လိုင်စင်တွေ စစ်ဆေးတင်းကြပ်မှုတွေ စတင်ပြုလုပ်လာတယ်လို့ သိရပါတယ်။

ကိုးကန့်နဲ့ ‘ဝ’တို့ဟာ ဒီလ ဇန်နဝါရီ ဒုတိယအပတ်ကစပြီး ယာဥ်လိုင်စင်တွေ စစ်ဆေးတာဖြစ်ပြီး သူတို့ထုတ်ပေးတဲ့ ယာဥ်လိုင်စင်တစ်ခုမှမရှိရင် “ဝ” ပြည် နဲ့ ကိုးကန့်ဒေသကို ဆက်သွယ်ထားတဲ့ တံတားကို ဖြတ်သန်းသွားလာခွင့် မပြုဘူးလို့ ဆိုပါတယ်။

ဒေသခံအမျိုးသမီးတစ်ဦးက “အခုက ဘယ်လိုဖြစ်လာလဲဆိုရင် ကိုးကန့်ကော “ဝ” ဖက်မှာကော ယာဥ်လိုင်စင်တွေ အဓိကထားပြီး စစ်ဆေးလာတယ်ပေါ့။ ဟိုတစ်နေ့ကဆိုရင် ဖောင်ဆိပ်မှာ ကားတွေ ပိတ်တယ်လေ။ လိုင်စင်မရှိလို့ ပေးမဖြတ်တာ” လို့ ဆိုပါတယ်။

အဲဒီလိုင်စင် စစ်ဆေးမှုကြောင့် “ဝ” နဲ့ ကိုးကန့်တို့ ထုတ်ပေးတဲ့ ယာဉ်လိုင်စင်မရှိတဲ့ ကားသမားတွေအတွက် အခက်အခဲတချို့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

UWSA ဟာ မိုင်းပေါက်၊ ပန်ဆန်းစတဲ့ သူတို့ ထိန်းချုပ်နယ်မြေတွေမှာလည်း သူတို့ ထုတ်ပေးတဲ့ ယာဥ်လိုင်စင်တွေ စစ်ဆေးတင်းကြပ်တာရှိသလို မြန်မာနိုင်ငံထုတ် ယာဥ်လိုင်စင်ရှိ ကားတွေကို ဖြတ်သန်းသွားလာခွင့် ပြုတာတွေတော့ရှိတယ်လို့ သိရပါတယ်။

ကိုးကန့်ထိန်းချုပ်ဒေသမှာတော့ “ဝ”က ထုတ်ပေးတဲ့ ယာဥ်လိုင်စင်ရှိတဲ့ ကားတွေကို သွားလာခွင့်ပြုတာရှိပေမဲ့ မြန်မာနိုင်ငံထုတ်ပေးတဲ့ ယာဉ်လိုင်စင်တွေကိုတော့ တရားမဝင်ဘူးဆိုတာကြောင့် အသိအမှတ်မပြုဘူးလို့ ဒေသခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ကိုးကန့်တပ်က ထုတ်ပေးတဲ့ ယာဥ်လိုင်စင်ပြုလုပ်ဖို့ သူတို့ ထုတ်ပေးတဲ့ အိမ်ထောင်စုစာရင်းလိုအပ်သလို ဒေသထဲ ပြောင်းရွှေ့အလုပ်သမားတွေက လုပ်ငန်းရှင်ရဲ့ ထောက်ခံချက်လည်း လိုအပ်တယ်လို့ ဆိုကြပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။