ဓာတ်ပုံ – Local

လွေးထွေး၊ ဒီဇင်ဘာ ၂၃ ရက်

‎မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ရန်ကုန်တိုင်းမှာ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်သူတွေကို တည်းခိုခန်းနဲ့ ဟိုတယ်မှာတည်းခိုခွင့်မပေးတဲ့အပြင် လိုင်းကားတွေလည်း စီးခွင့်မရကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

‎မနေ့ ဒီဇင်ဘာ ၂၂ ရက်က မော်လမြိုင်သို့ရောက်နေတဲ့ ရှမ်းမြောက် နမ့်ဆန်မြို့နယ်က ခရီးသွားလူထုတွေကို မော်လမြိုင်ရှိ တည်းခိုခန်းနဲ့ ဟိုတယ်မှာ တည်းခိုခွင့် ကန့်သတ်ခံခဲ့ရပါတယ်။

‎ကိုယ်တိုင်ကြုံခဲ့ရသူ နမ့်ဆန်မြို့နယ်မှ အမျိုးသားက “လောလောဆယ် အိပ်မဲ့နေရာမရသေးဘူး။ ပိုက်ဆံပိုပေးပါ့မယ် ပေးအိပ်ပါလို့ပြောလည်း မရဘူးတဲ့။ သက်ဆိုင်ရာက ခွင့်မပြုလို့တဲ့။ ဘာလဲငါတို့ ၁၃/ က နိုင်ငံသားမဟုတ်လို့လားပေါ့” လို့ ပြောပါတယ်။

‎ဒါ့အပြင် မော်လမြိုင်မြို့ကနေရန်ကုန်မြို့သို့သွားဖို့ လိုင်းကားတွေကလည်း ဘယ်ကားဂိတ်မှ ၁၃/ တွေကို သယ်ဆောင်လို့မရကြောင်း နောက်ထပ်နမ့်ဆန်ဒေသခံ တစ်ဦးက ဆိုပါတယ်။

‎”ကားစီးရဖို့ တမြို့လုံးကဂိတ်နှံ့နေပြီ မရပါဘူးတဲ့။ ပိုက်ဆံဘယ်လောက်ပေးပေးမရဘူးတဲ့” လို့ ပြောပါတယ်။

‎အလားတူ ရန်ကုန်မြို့က မြို့နယ်တချို့က ဟိုတယ်တွေမှာလည်း ၁၃/ တွေကို တည်းခိုခွင့်မပြုကြောင်း အသီးသီးစာကပ်ထားကြောင်း အထက်ပါအမျိုးသားက ဆိုပါတယ်။

‎‎ဒါ့အပြင် မန္တလေးတိုင်းက မြို့နယ်တချို့မှာလည်း ၁၃/ မှတ်ပုံတင် ကိုင်သူတွေကို ဌာနဆိုင်ရာနဲ့ စစ်ကောင်စီတပ်က အစစ်အဆေးပိုတင်းကြပ်ခဲ့ကြောင်း ခရီးသွားလူထုတွေရဲ့ ပြောပြချက်အရသိရပါတယ်။

‎‎အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်ကလည်း ဘားအံနဲ့မော်လမြိုင်က စစ်ဆေးရေးဂိတ်မှာ ၁၃/ မှတ်ပုံတင် ကိုင်ဆောင်ထားသူတွေကို ကျားဖျန့်လုပ်ကိုင်ကြောင်း စွတ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းစီးစစ်ဆေးခဲ့‌ဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။