တိုက်ပွဲ ပြင်းထန်နေတဲ့ ရှမ်းမြောက် နောင်ချိုမြို့နယ် အုမ္မသီးလမ်းခွဲမှာ စစ်ကောင်စီတပ်က ခရီးသည် အရပ်သားတစ်ဦးကို ပစ်ခတ်ခဲ့တာကြောင့် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ရွှေဖီမြေကို ပြောပါတယ်။
မနေ့ ဇွန်လ ၁၈ ရက်မှာ ကားစီးလာတဲ့ အမျိုးသား ၂ ဦးက ပြင်ဦးလွင်ကနေ အုမ္မသီးရွာဘက် သွားရင်း စစ်ကောင်စီတပ် တည်ရှိရာကို ရောက်သွားချိန် ပစ်ခတ်ခံခဲ့ရတာကြောင့် ကားထဲ လိုက်ပါလာသူ အမျိုးသားတစ်ဦး သေဆုံးသွားပြီး ကားသမားကတော့ ထွက်ပြေးလွှတ်မြောက်ခဲ့ပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။