ဓာတ်ပုံ – ANK (၂၀၂၅ အောက်တိုဘာလထဲမှာ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားတဲ့ နမ္မတူမြို့လယ်က မြင်ကွင်း)

ရွှေဖီမြေ၊ ဖေဖော်ဝါရီ ၉ ရက်

စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ်အထိ ရှမ်းမြောက်မှာ တိုက်ပွဲပဋိပက္ခတွေကြောင့် အရပ်သား ၈၉၄ ဦး ထိခိုက်နစ်နာခဲ့ရပြီး နစ်နာသူတွေကို လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းကူညီဖို့ တအာင်းအမျိုးသမီးအဖွဲ့အစည်း TWO က တောင်းဆိုလိုက်ပါတယ်။

ဖေဖော်ဝါရီ ၇ ရက်မှာ ပြုလုပ်တဲ့ “လုံခြုံမှုကင်းမဲ့သောဘဝများ” အစီအရင်ခံစာ သတင်းစာရှင်းလင်းပွဲမှာ TWO က အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

အဆိုပါ ထိခိုက်နစ်နာသူ ၈၉၄ ဦးထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၇၅ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၂၆၄ ဦး၊ မြေမြှပ်မိုင်းကြောင့် ၁၄၄ ဦး၊ စစ်လက်နက်အကြွင်းအကျန်ကြောင့် ၂၃ ဦး၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်းကြောင့် ၁၀၀ ဦး၊ သတ်ဖြတ်ခံရသူ ၂၈ ဦး၊ သေနတ်နဲ့ ပစ်ခတ်ခံရသူ ၂၅ ဦး၊ ညှင်းပန်းနှိပ်စက်ခံရသူ ၁၄ ဦး၊ အဓမ္မပြုကျင့်ခံရသူ ၄ ဦးနဲ့ ပေါ်တာဆွဲခံရသူ ၁၇ ဦး ပါဝင်တယ်လို့ သိရပါတယ်။

ဒီဖြစ်စဥ်တွေဟာ ရှမ်းမြောက်က မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့၊ မိုးမိတ်၊ ရှမ်းတောင်က ရပ်စောက်၊ ကျောက်ဂူနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဥ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်တွေဟာ TWO က လက်လှမ်းမှီသလောက် ကောက်ယူရရှိထားတဲ့ အချက်အလက်တွေသာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများနိုင်တယ်လို့လည်း ပြောပါတယ်။

ထိခိုက်နစ်နာသူတွေဟာ လုံလောက်တဲ့ အကူအညီမရရှိဘဲ ထိခိုက်နစ်နာသူတွေကို အချိန်နဲ့ တပြေးညီ ထိရောက်တဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးနိုင်ဖို့ နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေ လိုအပ်နေတာကြောင့် နိုင်ငံတကာက ဝိုင်းဝန်းကူညီပေးဖို့ TWO က တောင်းဆိုထားတာ ဖြစ်ပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။