ဓာတ်ပုံ – ထနောင်းမြေစစ်ကြာင်း

ရဲမာန်၊ ဒီဇင်ဘာ ၂၉ ရက်၊ မြင်းခြံ

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှာ ပျူခေါင်းဆောင်သီတာယုမွန်ရဲ့ အဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထနောင်းမြေစစ်ကြောင်းက ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်မှာ ထနောင်းမြေစစ်ကြာင်းနဲ့ မြင်းခြံခရိုင် အမှတ်(၁) တပ်ရင်းတို့က ကင်းပုန်း ဝပ်စောင့်ဆိုင်း‌နေစဉ် မြို့တွင်းမှ ထွက်လာတဲ့ ပျူမ ၃ ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

“လက်နက်မပါဘူး။ မြို့အပြင်ဘက်ကိုကျွံလာလို့ ဖမ်းဆီးရမိခဲ့တာပါ။ ထွက်ပြေးတော့ မသက်သာပဲမိုင်းဆွဲလိုက်ရတယ်။ ဆေးကုသမှုပေးထားပါတယ်”လို့ ထနောင်းမြေစစ်ကြောင်း ထောက်လှမ်းရေးတာ၀န်ခဲ ရဲဘော်မူတူးက ရွှေဖီမြေကို ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်က မြင်းခြံမြို့ပေါ်က လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးနေတာပြုလုပ်နေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

“ညနေ၆နာရီလောက်ဆို မီးဖြတ်ပီး လိုက်ဆွဲပါတယ်”

လက်ရှိမှာ ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကို စစ်ဆေးမေးမြန်းခြင်း ပြုလုပ်နေပြီး စစ်ဆေးရရှိတဲ့ သတင်းအချက်လက်နဲ့ ကိုယ်ရေးအကျဉ်း အချက်အလက်‌တွေကို ဆက်လက်ထုတ်ပြန်သွားပါမည်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ မှာ မြင်းခြံမြို့နယ်မှာ အိမ်စီးကားနဲ့ ကင်းပတ်နေတဲ့ ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်တဲ့ သီတာယုမွန်တို့ အဖွဲ့သားတွေ ကြားဖြတ်တိုက်ခိုက်ခံရပြီး ကားပေါ်လိုက်ပါသူ ၅ ဦးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ဖူးပါတယ်။

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကျောက်မဲမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး TNLA ဘက်က ဆက်လက်ခုခံနေ

စစ်ကောင်စီတပ် ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ ရှမ်းမြောက် ကျောက်မဲမြို့အနီးမှာ တိုက်ပွဲ ဆက်လက် ပြင်းထန်နေပြီး တအာင်းတပ်- TNLA ဘက်ကလည်း မြို့တွင်းကနေ ဆုတ်ခွာမှု မရှိသေးဘဲ ဆက်လက် ခုခံနေတယ်လို့ သိရပါတယ်။

ပန်ဆန်းမှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ တပ်သား ၂ ဦးကို သေဒဏ်နဲ့ ထောင်ဒဏ်နှစ်ရှည်ချမှတ်

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ-UWSA ဗဟိုဌာနချုပ်ဖြစ်တဲ့ ပန်ဆန်းမြို့မှာ လက်နက်ခိုးပြီးရောင်းခဲ့တဲ့ UWSA ရဲ့ ထောက်ပို့တပ်သား ၂ ဦးကို ၁ ဦးက လူမြင်ကွင်းရှေ့မှာ သေဒဏ်ချမှတ်ခံရပြီး နောက်တစ်ဦးက ထောင်ဒဏ်နှစ်ရှည်ချမှတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။

လောက်ကိုင်တိုက်ပွဲမှာ MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက ရမခတိုင်းမှူးအဖြစ် ခန့်အပ်

၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်းအတွင်း ကိုးကန့်ဒေသ လောက်ကိုင် မြို့သိမ်းတိုက်ပွဲမှာ ကိုးကန့်တပ်မတော်- MNDAA ထံ အလံဖြူထောင် လက်နက်ချ အညံ့ခံခဲ့တဲ့ ဗိုလ်မှူးချုပ် အေးမင်းဦးကို စစ်ကောင်စီက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ခန့်ခဲ့ကြောင်း ရွှေဖီမြေက စုံစမ်းသိရှိရပါတယ်။

သရက်ချောင်းမှာ စစ်ကောင်စီတပ်‌‌ တိုက်ခိုက်ခံရပြီးနောက် ကျောက်လှေကားရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ် ၇၀ ကျော် မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်း သရက်ချောင်းမြို့မှ တောင်ပျောက်ကျေးရွာသို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မှ ထုတ်ပြန်ထားပါတယ်။