ရဲမာန်၊ ဒီဇင်ဘာ ၂၄ ရက်၊ မိုးမိတ်
ရှမ်းမြောက် မိုးမိတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဖြစ်စဉ်သိရှိသူ အမျိုးသမီးတစ်ဦးက ရွှေဖီမြေကိုပြောပါတယ်။
ဒီနေ့ ဒီဇင်ဘာ ၂၄ ရက် မနက်ပိုင်းကစတင်ပြီး ရေတံခွန်နဲ့ မန်ကျီးပင်အနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ ၎င်းကပြောပါတယ်။
“မန်ကျီးပင်နဲ့ ရေတံခွန်နားမှာ တိုက်ပွဲဖြစ်နေတယ်လို့ ကြားတာဘဲ။မနက် ၆ နာရီခွဲ ကတည်းက တိုက်တာ။ အခုတော့ အသံတွေငြိမ်နေပြီ”
စစ်ကောင်စီတပ်ဟာ တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ နဲ့ ၃၀ ရက်မှာ တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်နဲ့ မိုးကုတ်မြို့ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။
လက်ရှိမှာ မိုးမိတ်- မဘိမ်းလမ်းပိုင်းကို KIA က ထိန်းချုပ်ထားပြီး မိုးမိတ်- မန်တုံလမ်းကို တအာင်းတပ်မတော်- TNLA က ထိန်းချုပ်ထားကာ မိုးမိတ်- မိုးကုတ်လမ်းကို စစ်ကောင်စီက ထိန်းချုပ်ထားပါတယ်။
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။