အပတ်စဉ် သောကြာနေ့မှာ တင်ဆက်ပေးနေကြ ရွှေဖီမြေရဲ့ ရုပ်သံသတင်းကနေ ပြန်လည် ကြိုဆိုပါတယ်။ ဒီတစ်ပတ် တအာင်းဒေသနဲ့ ရှမ်းပြည်တစ်ခွင်က ထူးခြားတဲ့သတင်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။
~ MNDAA ဖမ်းဆီးထားတဲ့ ၁၅ နှစ်အရွယ် အမျိုးသမီးငယ် ၁ လ ပြည့်တဲ့နေ့မှာ ပြန်လွှတ်ပေးခဲ့
~ မူဆယ်က ပြည့်တန်ဆာအိမ် အများစုထဲမှာမှ ပြည်သူ့စစ်ပိုင် ပြည့်တန်ဆာ လုပ်ငန်းက လိုင်းကြေး ပေးစရာမလိုဘဲ ကင်းလွတ်ခွင့်ရဖို့ တစ်ညကို တစ်ယောက်နှုန်းနဲ့ သက်ဆိုင်ရာကို ဆက်သပေးနေရ
~ လက်နက်ကြီး၊ မိုင်း၊ စစ်ကျန်လက်နက်နဲ့ လက်ပစ်ဗုံးကြောင့် လားရှိုး၊ သီပေါ၊ နောင်ချိုနဲ့ ကျောက်မဲမြို့နယ်က အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် ၅ ဦး ဒဏ်ရာရခဲ့တဲ့သတင်းအပြင် တခြားသတင်းတွေကိုလည်း ကြားရဖို့ ရှိပါတယ်။