ရွှေဖီမြေရဲ့ အပတ်စဉ် သောကြာနေ့ သတင်းစုစည်းထုတ်လွှင့်မှု အစီအစဉ်ကနေ ပြန်လည် ကြိုဆိုပါရစေ။ ဒီတစ်ပတ် သတင်းတွေကို လွေးထွေးက စုစည်းတင်ဆက်ပေးသွားပါမယ်။
~ TNLA, MNDAA, NDAA တို့က ငလျင်ဘေး ကြုံနေရတဲ့ လူထုတွေကို ငဲ့ညာတဲ့အနေနဲ့ ဒီနှစ်သင်္ကြန်ကို ဖျက်သိမ်းလိုက်ပေမဲ့ စစ်ကောင်စီက ဆက်လုပ်သွားမယ်လို့ ပြောဆိုထားပါတယ်။
~ ငလျင်ဘေးသင့် လူထုတွေကို နိုင်ငံတကာက လာရောက် ကူညီကယ်ဆယ်ရေး လုပ်ပေးနေချိန် နောင်ချိုအပါအဝင် မြန်မာနိုင်ငံက နေရာတချို့ကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
~ ယာယီ အပစ်အခတ် ရပ်စဲဖို့ ထုတ်ပြန်ထားတာတွေကို စစ်ကောင်စီက လက်မခံဘဲ ပယ်ချခဲ့ပါတယ်။
ဒီသတင်းတွေအပြင် ထူးခြားတဲ့ သတင်းတွေကိုလည်း တင်ဆက်ပေးသွားပါမယ်။