(Burmese below)
ဆဒါင်ပ်ုန်နံင်ယိူဝ်းအယ်တငါဝ်းနှားနီန်မို;
~ ဆဒါင် ကနာည်နံင်ပနောဒဲႈဘေဲႇ ပကျောင်အာဝ်မိူဝ်ႈကူန်မာ အ်ုန်အီဂေါည်ပဆဘောနီန် ဂီုည်လိုအူန်းပ်ုန်ကဇောည်
~ ဆဒါင် ပမိူင်ဘော် ကောန်ဆီုက် TNLA ကဲအူအီး ကတူႈအီပဴင် ယံမ်းဟာဝ်း
~ ဆဒါင် ပတာင်ယာန် ကောန်အီပ်ုန်ကဝ်အီမိုႈ ဘဝ်ရမာဆီုက်နီန်အူအီး ကတူႈအီစိုန်ဖါ်ႈ ပျံမ်းယံမ်း တောပ်ဟာဝ်းရိူန်းအ်ုန် 400ဆဲန်
~ ဆဒါင် ပနောင်ခေ၀် တံပ်ကညာအာဏာဆီုက်ဇေဝ်ကဲ လီပ်ချယ်ဂါင် တိူဝ်ႈဟာဝ်းဂြို အီႎဲႈဆီုက်ႎဲႈနာန်းကဲ
~ ဆဒါင် ခြိူဝ်းမျိုးခယ်ကဲ လီပ်ဆြားဂေါည်ဂါင်ကာည်း ကတာည်း ခေဲင်ကီုင်းတေင်နီ အ်ုန်အီလေႈဒေဲႈဆဒါင် ဒါႈ တံပ်ကိုးကာင်းကဲ နံင်က္လိုတ်ႎီရ် ဂဲကဲနီန်အောႏ။
မင်္ဂလာပါ။
အပတ်စဉ် တင်ဆက်ပေးနေတဲ့ ရွှေဖီမြေရဲ့ ရုပ်သံအစီအစဉ်ကနေ ပြန်လည်ကြိုဆိုပါတယ်။
ဒီတစ်ပတ် တင်ဆက်ပေးမယ့် သတင်းတွေကတော့
~ သီပေါရှိ မိဘမဲ့ဂေဟာကျောင်းမှာ စာသင်ကြားဖို့အတွက် စာရေးကိရိယာတွေ လိုအပ်နေတဲ့သတင်း
~ မိုင်းဘော်မှာ TNLA တပ်သားတစ်ဦး ပစ်သတ်ခံရတဲ့သတင်း
~ တန့်ယန်းမြို့က တပ်မိသားစုဝင် အမျိုးသမီးတစ်ဦး ဓားပြတိုက် သတ်ဖြတ်ခံရပြီး ငွေသိန်း ၄၀၀ ပါသွားတဲ့သတင်း
~ ထွက်ပြေးတိမ်းရှောင်နေရတဲ့ နောင်ချိုဒေသခံတွေရဲ့ နေအိမ်ကို စစ်ကောင်စီတပ် ဝင်ရောက် မွှေနှောက်ပြီး ပစ္စည်းတွေ ယူဆောင်သွားတဲ့သတင်းနဲ့
~ ကိုးကန့်တပ် ပြန်ဆုတ်မယ်လို့ သတင်းထွက်နေတဲ့ သိန္နီမြို့မှာ တရုတ်လူမျိုးတွေ အိမ်ခန်းနဲ့ မြေကွက် ငှားပြီး ဝင်ရောက်နေထိုင်နေတဲ့သတင်းတွေပဲဖြစ်ပါတယ်။
ဆဒါင်ဆျှိုည်ဖီမျေဂဲနီန် အာဝ်ႎံန်း ခေဲင် Facebook ကာည်း Website ဘိူန်းဘိုးဒီရ်ႈ၊ ဆဒံင်တငါဝ်း ခေဲင် ချှံန်နယ် ပ်ုန်ကိက်ပ္လေႈ ရခြူမ်နီန်။