မမာပယ်ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော်- DPLA ထဲ ၂၀၂၂ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပါတယ်။

DPLA ထံ စတင်ဝင်ရောက်ချိန် ရှေ့တန်းသွားချင်ပေမဲ့ အမျိုးသမီး ဖြစ်တာကြောင့် သင်တန်းနည်းပြကို ရွေးချယ်ခဲ့တာလို့ မမာပယ်က ပြောပါတယ်။

စစ်အာဏာမသိမ်းခင်က သေနတ်ကိုင်ရမယ်လို့ တစ်ခါမှတောင် မတွေးခဲ့ဖူးပေမဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်မှာတော့ အခြေအနေတွေဟာ ပြောင်းလဲသွားတယ်လို့ မမာပယ်က ဆိုပါတယ်။

စစ်သင်တန်းနည်းပြ မမာပယ်ရဲ့အကြောင်း လွတ်မြောက်နယ်မြေရှိ DPLA ရဲ့ စစ်သင်တန်းကွင်းမှာ ရွှေဖီမြေက မိုင်းရူပနဲ့ မိုင်းအနိုင် သွားရောက်ပြီး ရိုက်ကူးတင်ဆက်ပေးထားပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram