စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုက်ဟုန်းရွာခံ ၁၄ ဦး သေဆုံးခဲ့ရတဲ့အထဲမှာ အသက် ၅၀ ကျော် ဦးသြရဲ့ အမျိုးသမီးဖြစ်သူအပါအဝင် မိသားစုဝင် ၇ ဦး ပါဝင်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် မိုင်းလုံမြို့ မိုက်ဟုန်းကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဦးသြရဲ့ မိသားစုဝင်အပါအဝင် လူပေါင်း တစ်ဒါဇင်ကျော် သေဆုံးခဲ့တဲ့ မိုက်ဟုန်းကျေးရွာက အခြေအနေကို ရွှေဖီမြေက ရိုက်ကူးတင်ဆက်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။