(English below)
ဒီဒေသမှာ တိုက်ပွဲတွေ ငြိမ်သက်သွားပေမဲ့ စစ်လက်နက်အကြွင်းအကျန်နဲ့ မြေမြှုပ်မိုင်းတွေကြောင့် ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးခဲ့သူနဲ့ အသက်သေဆုံးခဲ့ရသူတွေ ဆက်ရှိနေဆဲပါ။
ဒေါ်ထုအောင်တို့ မိသားစုဟာ မန်တုံမြို့နယ် ရော့ဂျိမ်းကျေးရွာမှာ နေထိုင်ပြီး အသက်ရှင်နေထိုင်ရေးအတွက် တောင်ယာလုပ်ငန်းကိုပဲ အဓိက လုပ်ကိုင်ကြပါတယ်။
တောင်ယာလုပ်ငန်းအပြင် အားလပ်ချိန်မှာ တောထဲက ရောင်းလို့ရနိုင်တဲ့ သစ်ဥ၊ သစ်ဖုနဲ့ အသီးအရွက်တွေ ရှာရောင်းရင်း မိသားစု အသုံးစရိတ်အတွက် ရှာဖွေလေ့ရှိပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်မှာတော့ ဒေါ်ထုအောင်ရဲ့ အမျိုးသားဖြစ်သူ ဦးခေါင်လွမ်းဟာ တောထဲမှာ ကတီပါပန်း သွားရှာရင်း စစ်ကောင်စီရဲ့ တပ်စခန်းဟောင်း ခြေလျင်တပ်ရင်း ၁၃၀ အနီးမှာ မြေမြှုပ်မိုင်း နင်းမိခဲ့ပြီး သေဆုံးသွားပါတယ်။
Tragedy of Landmines: Lives Lost
Although the fighting in this area has subsided, people continue to lose limbs and lives to unexploded ordnance and landmines.
Daw Htu Aung, a Kachin ethnic woman, and her family live in Yawt Jing Village, Manton Township, where they primarily depend on farming for their livelihood.
In addition to farming, they spend their free time foraging in the forest, collecting edible roots, tubers, and vegetables to sell and earn extra income for household expenses.
On September 19, Daw Htu Aung’s husband, U Hkawng Lum, was foraging for velvet flowers in the forest when he stepped on a landmine near the former camp of junta military’s Infantry Battalion 130 and was killed.
~ ~ ~
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။