(English below)

နှစ်ပေါင်း ၅၀ ကျော် စာသင်ကျောင်း မရှိခဲ့ဖူးတဲ့ ဒီကျေးရွာလေးမှာ အခုတော့ ကလေးငယ်တွေရဲ့ စာအံသံတွေ စကြားနေရပါပြီ။

ဒီကျေးရွာဟာ နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုထဲက နမ့်မောင်းကျေးရွာဖြစ်ပြီး ရွာတည်လာတာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပေမဲ့ ရွာထဲမှာ စာသင်ကျောင်း မရှိခဲ့ပါဘူး။

အရင်အစိုးရ ခေတ်အဆက်ဆက်ကတည်းက ဒီကျေးရွာက ကလေးငယ်တွေဟာ ရွာအနီးက ချောင်းဆာကျေးရွာမှာပဲ ကျောင်း သွားတက်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီ ၂၀၂၅ ခုနှစ် ဩဂုတ်လမှာတော့ ကျောင်းသားမိဘတွေက စစ်ပဋိပက္ခတွေကြားမှာ ကိုယ့်သားသမီးကို အဝေးမှာ ကျောင်းသွားထားဖို့ စိတ်မချတော့တာကြောင့် ရွာထဲမှာပဲ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း စတင်ဖွင့်လှစ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အပြည့်အစုံကို ရွှေဖီမြေ သတင်းထောက်က ကွင်းဆင်းပြီး ရိုက်ကူးတင်ဆက်ပေးထားပါတယ်။

After more than 50 years without a school, the sound of children reciting lessons can finally be heard in Nam Mawng Village, located in the Pan Lon Village Tract of Namtu Township.

Although the village has existed for over five decades, it never had its own school. In the past, children were forced to attend classes in nearby Chaung Sar Village.

But in August 2025, amid ongoing armed conflicts, parents felt it was unsafe to send their children far from home.

They responded by launching a self-reliant effort to establish a school within their own village.

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အတူယှဉ်တွဲ နေထိုင်ရေးကို ဦးဆောင်နေတဲ့ အမျိုးသမီး ရွာသူကြီး

ဖိုဝါဒ ကြီးစိုးတဲ့ ဒီလို ကျေးလက်ဒေသမှာ အမျိုးသမီးတွေကို ရွာသူကြီးအဖြစ် ခန့်အပ်တာဟာ ရှားပါးတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ကိုယ်ဝန်သည်၊ ကလေးငယ်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက် ည ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သား ထိခိုက်မှု အများဆုံး လေကြောင်းတိုက်ခိုက်မှုလို့ မြို့ခံတွေက ပြောပါတယ်။

စစ်ဒဏ် မိုင်းဒဏ် သင့်သူ အမျိုးသမီး

စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရတဲ့ ဒေါ်မြအောင် ဖြစ်ပါတယ်။

ဆရာဆရာမ မရှိတာကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတဲ့ လီဆူကလေးငယ်တွေ

ဝေးလံခေါင်သီပြီး တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့နယ် နမ့်ကျိုးကျေးရွာဟာ လီဆူတိုင်းရင်းသားတွေ နေထိုင်ပြီး အိမ်ခြေ ၃၀ ဝန်းကျင် ရှိပါတယ်။