စစ်ပွဲဒဏ် ၂ ကြိမ်သင့်ခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများခဲ့တဲ့ ရှမ်းမြောက် မိုးမိတ်မြို့မှာ ၁ နှစ်နီးပါးကြာတဲ့အထိ ပြန်လည်ထူထောင်ရေးတွေ ပြန်မလုပ်နိုင်သေးပါဘူး။
မိုးမိတ်တိုက်ပွဲအတွင်း နေအိမ်ပေါင်း ၂၃၀ ကျော်နဲ့ မိုးမိတ်စျေးအပါအဝင် မီးလောင်ပျက်စီးခဲ့ပြီး အရပ်သား ၅၀ ကျော်လည်း သတ်ဖြတ်ခံထားရပါတယ်။
လက်ရှိအချိန်အထိ ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်မပြင်နိုင်သေးသလို ဒေသခံတွေအတွက် အရေးပါတဲ့ မိုးမိတ်စျေးနဲ့ မိုးမိတ်ပြည်သူ့ဆေးရုံလည်း ပြန်မပြင်နိုင်သေးပါဘူး။
တအာင်းတပ် PSLF/TNLA ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ရဲ့ အခြေအနေကို ရွှေဖီမြေက ရိုက်ကူးတင်ဆက်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။