(English below)

“ညီမလေးကို အဲလို အဓမ္မ ပြုကျင့်တာကို ဘယ်သူ့ဆီမှ မပြောရဲဘူး။ အဲဆရာဝန်က ခြိမ်းခြောက်ထားတယ်။ နင်ပြောပြရင် နင်ပဲအရှက်ရမယ်တဲ့။ အဲဒါကြောင့် ဘယ်သူ့ဆီမှ မပြောပြရဲဘူး”

ဆရာဝန်တစ်ဦးရဲ့ အကြိမ်ကြိမ် အဓမ္မ ပြုကျင့်တာ ခံရပြီး ပြန်လည် လွတ်မြောက်လာတဲ့ အသက် ၁၅ နှစ်ဝန်းကျင်သာ ရှိသေးတဲ့ လွေးအမ်အတွက် ဒီအဖြစ်အပျက်ဟာ သူမဘဝအတွက် အမည်းစက်တစ်ခုလို ဖြစ်လာခဲ့ပါတယ်။

ရှမ်းမြောက် ကွတ်ခိုင်မြို့အနီး လွယ်ဆမ်ဆစ်တောင်ခြေရှိ ကျေးရွာတစ်ရွာမှာ မွေးဖွားပြီး မပြည့်စုံတဲ့ မိသားစုကနေ ကြီးပြင်းလာတဲ့ လွေးအမ်ဟာ ကျောင်း ၄ တန်းအထိသာ တက်ခွင့် ရခဲ့ပါတယ်။

ဒီလို အဆင်မပြေမှုတွေကြား မိသားစုကို ပြန်ထောက်ပံ့နိုင်ဖို့ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာထဲမှာ ကွတ်ခိုင်မြို့ ရပ်ကွက် ၈ ရှိ ဆေးခန်းတစ်ခုမှာ ထမင်းချက်အဖြစ် သွားလုပ်ခဲ့ရပါတယ်။

အဲအချိန်က လွေးအမ်ဟာ အသက် ၁၄ နှစ်ပဲ ရှိပါသေးတယ်။ လွေးအမ်ဆိုတာ အမည်လွှဲထားတာပါ။

မိသားစု အဆင်မပြေမှုတွေကြား ထမင်းချက်အလုပ် လုပ်ခဲ့တဲ့ လွေးအမ်ဟာ အဲဆေးခန်းပိုင်ဆိုင် ဆရာဝန်ရဲ့သားကောင် ဖြစ်ခဲ့ရပြီး အကြိမ်ကြိမ် အလိုမတူဘဲ အဓမ္မ ပြုကျင့်တာကို ခံခဲ့ရပါတယ်။

လွေးအမ်ဟာ နေအိမ်မှာဘဲ ထမင်းချက်ရပေမဲ့ ဆေးခန်းမှာ ညပိုင်း အချိန်ပိုဆင်းဖို့ ဆရာဝန်ဆိုသူက ခေါ်ယူပြီး အဓမ္မ ပြုကျင့်တာတွေ ပြုလုပ်ခဲ့တယ်လို့ လွေးအမ်က ပြောပါတယ်။

Survival Job Turns Nightmare: Underaged Clinic Worker Raped by Doctor

“I didn’t dare to tell anyone about the rape. The doctor threatened me, saying, ‘If you tell anyone, you will be the one who is shamed.’ That’s why I kept silent.”

For Lway Am, who is only around 15 years old and was repeatedly raped by a doctor before finally escaping, the incident has become like a stain on her life.

Born to a poor family in a village at the foot of the Loi Sam Sip Mountain range near Kutkai Town in northern Shan State, Lway Am only had the opportunity to attend school up to the 4th Grade. Amidst these difficulties, she began working in November 2024 as a cook and helper at a clinic in Ward 8 of Kutkai Town to support her family.

At the time, Lway Am was just 14 years old. Her name has been changed in this report to protect her identity.

While working as a cook and helper to support her struggling family, Lway Am became a victim of repeated sexual assault by the doctor who owned the clinic.

She said that although her main duties were at the residence, the doctor would call her to work evening shifts at the clinic, where the assaults took place.

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အတူယှဉ်တွဲ နေထိုင်ရေးကို ဦးဆောင်နေတဲ့ အမျိုးသမီး ရွာသူကြီး

ဖိုဝါဒ ကြီးစိုးတဲ့ ဒီလို ကျေးလက်ဒေသမှာ အမျိုးသမီးတွေကို ရွာသူကြီးအဖြစ် ခန့်အပ်တာဟာ ရှားပါးတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ကိုယ်ဝန်သည်၊ ကလေးငယ်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက် ည ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သား ထိခိုက်မှု အများဆုံး လေကြောင်းတိုက်ခိုက်မှုလို့ မြို့ခံတွေက ပြောပါတယ်။

စစ်ဒဏ် မိုင်းဒဏ် သင့်သူ အမျိုးသမီး

စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရတဲ့ ဒေါ်မြအောင် ဖြစ်ပါတယ်။

ဆရာဆရာမ မရှိတာကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတဲ့ လီဆူကလေးငယ်တွေ

ဝေးလံခေါင်သီပြီး တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့နယ် နမ့်ကျိုးကျေးရွာဟာ လီဆူတိုင်းရင်းသားတွေ နေထိုင်ပြီး အိမ်ခြေ ၃၀ ဝန်းကျင် ရှိပါတယ်။