(English below)
“ကိုယ်က မိဘဆိုတော့ ကိုယ့်ကလေးတွေကို ပညာတတ်တစ်ယောက်အနေနဲ့ ဖြစ်စေချင်တာပေါ့။ ကျောင်းပြီးတဲ့အထိ ထားပေးချင်တာပေါ့။ မတတ်နိုင်ဘူးလေ။ စားစရာမရှိ နေစရာအိမ်လည်း မရှိဘူးဆိုတော့ အကြီးမကို ကျောင်းထွက်ခိုင်းလိုက်တာ။ သူလည်း တွေးတတ်ပြီဆိုတော့ ကျောင်း မတက်တော့ဘူးတဲ့ အမေကို သနားလို့။ ကျောင်းထွက်ပြီး အလုပ်ဘဲ ထွက်လုပ်မယ်တဲ့”
တအာင်းဒေသ နမ့်ဆန်နဲ့ နမ္မတူအစပ်မှာ တည်ရှိတဲ့ အောက်ပန်တောင်းရွာမှာ နေထိုင်တဲ့ အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ခမ်းဆာက သူ့ရဲ့သားသမီးတွေ ကျောင်းမထားနိုင်တဲ့အကြောင်းကို ပြန်ပြောနေတာပဲ ဖြစ်ပါတယ်။
ဒေါ်ခမ်းဆာဟာ အမျိုးသားဖြစ်သူ သေဆုံးပြီးနောက် ကလေး ၃ ယောက်နဲ့အတူ နေထိုင်ပြီး မိသားစု စားဝတ်နေရေး ဖူလုံဖို့အတွက် ဒေါ်ခမ်းဆာတစ်ယောက် ကြိုးစားရုန်းကန်နေရပါတယ်။
သူတို့မိသားစုဟာ နေစရာ ကိုယ်ပိုင်အိမ် မရှိသလို ကိုယ်ပိုင်လက်ဖက်ခြံလည်း မရှိတာကြောင့် သူများရဲ့ ခြံတွေမှာသာ လက်ဖက်အငှားလိုက်ရင်း တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
“As a parent, I want my children to be educated and finish school. But we can’t afford it. We have no food and no home, so I had to make my eldest daughter drop out. She’s old enough to understand now and told me she wouldn’t go to school anymore because she felt sorry for me. She said she would just drop out and go to work.”
Daw Kham Hsar, a 39-year-old resident of Lower Pan Taung village on the border of Namhsan and Namtu Townships in the Ta’ang region, is explaining why she cannot send her children to school.
After her husband’s death, Kham Hsar is struggling alone to provide for her three children, working to meet her family’s basic needs for food and shelter.
With no home or tea plantation of their own, the family works as daily-waged tea leaf pickers on other people’s farms, living a hand-to-mouth existence.
You can read and listen to our Shwe Phee Myay’s reports, not only on Facebook and our Website, but also on the following channels: