(English below)

ဝေးလံခေါင်သီပြီး ကျန်းမာရေး စောင့်ရှောက်မှု မရကြတဲ့ ဒီဒေသက ဒေသခံတွေဟာ နတ်ကိုးကွယ်မှုကိုသာ အဓိက သက်ဝင်ယုံကြည်နေကြဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထဲမှာ ဦးနိုင်အောင်ခမ်းရဲ့ အမျိုးသမီးဖြစ်သူ အသက် ၂၃ နှစ်အရွယ် ဒေါ်ယေစိန်ထွန်းဟာ ကလေး မွေးဖွားပြီးနောက် ရုတ်တရက် သေဆုံးသွားပါတယ်။ ကလေးက အသက်ရှင်ပေမဲ့ မိခင်ဖြစ်သူက သေဆုံးသွားပါတယ်။

ဒါကို ဦးနိုင်အောင်ခမ်းကတော့ ပရောဂကြောင့် သူအမျိုးသမီး သေဆုံးရတာလို့ ယုံကြည်နေပါတယ်။ သူ့အမျိုးသမီး ကလေး မွေးဖွားပြီးနောက် ဗေဒင်ဆရာထံ သွားမေးခဲ့ပေမဲ့ အချိန်မမှီတော့တာကြောင့် သေဆုံးသွားတယ်လို့ ဦးနိုင်အောင်ခမ်းက ပြောပါတယ်။

Seeking Deities for Disease Cures

Residents in this remote region, lacking access to healthcare services, primarily continue to believe in deity worship.

U Naing Aung Kham’s 23-year-old wife, Ma Yay Sein Htun, died in April after childbirth, though her child survived.

Naing Aung Kham still believes his wife’s death may be related to “invisible bad deeds.” He reportedly consulted a fortune teller soon after she gave birth to their child but was unable to save her.

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အတူယှဉ်တွဲ နေထိုင်ရေးကို ဦးဆောင်နေတဲ့ အမျိုးသမီး ရွာသူကြီး

ဖိုဝါဒ ကြီးစိုးတဲ့ ဒီလို ကျေးလက်ဒေသမှာ အမျိုးသမီးတွေကို ရွာသူကြီးအဖြစ် ခန့်အပ်တာဟာ ရှားပါးတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ကိုယ်ဝန်သည်၊ ကလေးငယ်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက် ည ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သား ထိခိုက်မှု အများဆုံး လေကြောင်းတိုက်ခိုက်မှုလို့ မြို့ခံတွေက ပြောပါတယ်။

စစ်ဒဏ် မိုင်းဒဏ် သင့်သူ အမျိုးသမီး

စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရတဲ့ ဒေါ်မြအောင် ဖြစ်ပါတယ်။

ဆရာဆရာမ မရှိတာကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတဲ့ လီဆူကလေးငယ်တွေ

ဝေးလံခေါင်သီပြီး တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့နယ် နမ့်ကျိုးကျေးရွာဟာ လီဆူတိုင်းရင်းသားတွေ နေထိုင်ပြီး အိမ်ခြေ ၃၀ ဝန်းကျင် ရှိပါတယ်။