(English below)
တအာင်းတပ်မတော်- PSLF/ TNLA အပေါ် တရုတ်နိုင်ငံရဲ့ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် မီးသွေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ နမ့်ခမ်းနဲ့ မန်တုံမြို့နယ်က ဒေသခံတွေအပေါ် ဆိုးကျိုးများစွာ သက်ရောက်မှု ရှိနေပါတယ်။
PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် နမ့်ခမ်း-နောင်တောင်း နယ်စပ်ဂိတ်ကို တရုတ်နိုင်ငံဘက်က ပိတ်ထားတာကြောင့် မီးသွေးတွေ တင်သွင်းလို့မရဘဲ မီးသွေးလုပ်ငန်းရှင်တချို့ကသာ မီးသွေးတွေကို ဝယ်စုထားကြပါတယ်။
ကုန်ဈေးနှုန်းတွေ တဟုန်ထိုး မြှင့်တက်နေချိန် ဒီနှစ် မီးသွေးရာသီမှာ မီးသွေးတစ်အိတ်ကို ၅ ထောင်ကျပ်ဝန်းကျင်သာရလို့ တွက်ခြေ မကိုက်ကြောင်း ဒေသခံတွေက ပြောပါတယ်။
အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ ၅ ဆကျော်အထိ မြှင့်တက်နေချိန် ဒေသခံတွေ ထမင်းနပ်မှန်ဖို့ ရုန်းကန်နေရတဲ့အခြေအနေကို ရွှေဖီမြေသတင်းထောက် မိုင်းရူပနဲ့ လွေးဇွန်မိုးက ရိုက်ကူးတင်ဆက်ပေးထားပါတယ်။
Plummeting Prices Hit Wood Charcoal Makers, Threatening Even Daily Meals
Due to China’s border trade bans on an area controlled by the Palaung State Liberation Front/Ta’ang National Liberation Army (PSLF/TNLA), wood charcoal makers in Namhkam and Manton Townships, northern Shan State, are facing significant negative impacts.
As Chinese authorities keep the border crossing between TNLA-controlled Namhkam and Nongdao Town in China’s Ruili City, Yunnan Province (China) shut, those who produce wood charcoal in rural areas are still unable to export their goods. Consequently, only a few numbers of businessmen on the Myanmar side are purchasing and collecting the wood charcoal at reduced rates.
Even as prices for various commodities have increased, rural residents engaged in wood charcoal production are earning only 5,000 kyat per sack, and this meager income caused hardships for their living, said the residents.
Shwe Phee Myay reporters Mai Rupa and Lway June Moe have reported on the struggles of residents in these areas, who are now finding it difficult to afford even daily meals as prices for various commodities have risen more than fivefold.