(English below)

ဆေးရုံဆေးခန်းနဲ့ ဝေးလွန်းပြီး လူသူအရောက်အပေါက်နည်းတဲ့ တအာင်းဒေသ မန်တုံမြို့နယ်နဲ့ ကချင်ပြည်နယ်အစပ်မှာရှိတဲ့ မုံးခရွာခံတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြပါဘူး။

ဒီဒေသက လူထုတွေဟာ နမ့်ခမ်းမြို့နယ်ဘက်မှာသာ ဆေးကုသကြရပြီး မုံးခရွာကနေ ဆေးရုံရှိတဲ့ နမ့်ခမ်းမြို့ကိုရောက်ဖို့ နွေရာသီမှာ ဆိုင်ကယ်နဲ့ ၃ နာရီဝန်းကျင် သွားရပြီးတော့ မိုးရာသီမှာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ကြာချိန်ကို မှန်းဆလို့ မရနိုင်ပါဘူး။

လမ်းပန်းဆွက်သွယ်ရေး အခက်အခဲနဲ့ အခြေခံဆေးဝါးဈေးနှုန်း ၃ ဆအထိ မြှင့်တက်လာတာကြောင့် ဒီဒေသက လူထုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတဲ့ အခြေအနေကို ရွှေဖီမြေ သတင်းထောက် လွေးဇွန်မိုးနဲ့ မိုင်းရူပက ကွင်းဆင်းပြီး ရိုက်ကူးတင်ဆက်ပေးထားပါတယ်။

#ကျန်းမာရေး#စောင့်ရှောက်မှု#အခက်အခဲ#မုံးခရွာ#မန်တုံ

Mone Kha Villagers Long For Medical Access

The people living in Mone Kha village, Manton Township, located on the remote edge of northern Shan State near the Kachin State border, have no access to healthcare due to its distance from clinics and hospitals.

When health issues arise, residents have to travel to Namhkam Township, where a hospital is located. This journey takes three hours by motorcycle during the dry season, but in the rainy season, the severe road conditions make travel time unpredictable, or even impossible.

Compounding the difficult transportation, prices for basic medicines have also at least tripled. As a result, residents are facing severe hardships with health issues. To cover their lack of healthcare, Shwe Phee Myay reporters Lway June Moe and Mai Rupa visited the area and reported on their situation.

#Healthcare#Hardships#Monekha#Rural#Manton

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Leave a Reply

Your email address will not be published. Required fields are marked *

You May Also Like

ကျေးလက်ဒေသ ပညာရေး

အတိုက်အခံ လက်နက်ကိုင်အဖွဲ့တွေဟာ တိုက်ပွဲတွေကနေ အုပ်ချုပ်ရေးဘက်ကို ကူးပြောင်းလာတာနဲ့အမျှ ပညာရေးလိုမျိုး အရေးကြီးတဲ့ အများပြည်သူအတွက် ဝန်ဆောင်မှုတွေပေးဖို့ လိုအပ်လာပါတယ်။

လက်ပစ်ဗုံးကြောင့် မိဘနှစ်ပါး ဆုံးရှုံးခဲ့ရတဲ့ ကလေး

ဒီကလေးဟာ တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ သီပေါမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ခြေလျင်တပ်ရင်း ၂၃ တပ်စခန်းဟောင်းအနီးက ကုန်းစုံကျေးရွာမှာ နေထိုင်သူ ဖြစ်ပါတယ်။

ဖိုဝါဒ ကြီးစိုးမှုတွေကို တိုက်ဖျက်ဖို့ ရွာသူကြီး လုပ်ခဲ့တဲ့ ဒေါ်အမ်လောတ်

ဖိုဝါဒ ကြီးစိုးမှုတွေကို တိုက်ဖျက်ဖို့ ရွာသူကြီး လုပ်ခဲ့တဲ့ ဒေါ်အမ်လောတ် ဒေါ်အမ်လောတ်ဟာ ကွတ်ခိုင်မြို့နယ် ဆာယာကျေးရွာမှာ ရွာသူကြီးအဖြစ် တာဝန်ယူထမ်းဆောင်နေသူ ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး နောက်ကွယ်က ပေးဆပ်မှုများ

နမ့်ခမ်းမြို့နယ် မန်ကန်ရွာက မိုင်းအမောင်နဲ့ ဖဒဲန်ရွာက မိုင်းညီမာဝ်းတို့ဟာ မြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးခဲ့သူတွေ ဖြစ်ပါတယ်။