(English below)
စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရတဲ့ ဒေါ်မြအောင် ဖြစ်ပါတယ်။
ဒေါ်မြအောင်ဟာ သီပေါမြို့နယ် စံဖိတ်ကျေးရွာမှာ နေထိုင်ပြီး ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မေလ ၂၉ ရက် မနက် ၉ နာရီဝန်းကျင်မှာ ခြံထဲ စိုက်ထားတဲ့ ပဲသီးတွေကို တိုင် စိုက်ထူဖို့ လုပ်နေတဲ့အချိန်မှာ နင်းမိခဲ့တာပါ။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ် ၉ ရက်မှာ ဖြစ်ပွားခဲ့တဲ့ သီပေါ မြို့သိမ်းတိုက်ပွဲကြောင့် စံဖိတ်ရွာခံတွေဟာ ဘေးလွတ်ရာ တိမ်းရှောင်နေတဲ့ အတောအတွင်း စစ်တပ်က စံဖိတ်ရွာရဲ့အထက်မှာ တပ်စွဲထားတဲ့အပြင် မြေမြှုပ်မိုင်းတွေလည်း မြှုပ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။
ထွက်ပြေးတိမ်းရှောင်သူတွေထဲ ဒေါ်မြအောင်တို့မိသားစုလည်း ပါဝင်ပါတယ်။ သီပေါ မြို့သိမ်းတိုက်ပွဲအပြီးမှာ နေရပ်ဖြစ်တဲ့ စံဖိတ်ရွာကို ပြန်လာတဲ့အချိန်မှာ သူမက ကံမကောင်းစွာနဲ့ ဘယ်ဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရပါတယ်။
Landmine Survivor Struggles to Rebuild Life After Losing Leg
Daw Mya Aung lost her leg to a landmine planted by the junta’s military.
A resident of San Phate Village in Hsipaw Township, she stepped on the mine around 9 a.m. on May 29 while working on her farm.
According to residents, villagers had fled due to the war in Hsipaw, which began on August 9, 2024. During that time, junta troops occupied San Phate Village and planted landmines.
Daw Mya Aung and her family were among the villagers who fled their homes. After the war in Hsipaw ended, they returned along with others. Unfortunately, soon after her arrival, she lost her left leg.
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။