ဝေးလံခေါင်သီပြီး တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့နယ် နမ့်ကျိုးကျေးရွာဟာ လီဆူတိုင်းရင်းသားတွေ နေထိုင်ပြီး အိမ်ခြေ ၃၀ ဝန်းကျင် ရှိပါတယ်။
ဒီကျေးရွာအနီးက ရွာတွေမှာ တအာင်းပြည် ပညာရေးကောင်စီ- TLEC က စာသင်ကျောင်း ဖွင့်လှစ်ပေးထားပေမဲ့ နမ့်ကျိုးရွာမှာတော့ ဆရာဆရာမ မရှိလို့ ကျောင်းဖွင့်လှစ်နိုင်ခြင်း မရှိပါဘူး။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒီကျေးရွာမှာ လီဆူအသင်းတော်က ကိုယ်ထူကိုယ်ထ စာသင်ကျောင်း လာရောက် ဖွင့်လှစ်ပေးခဲ့ပေမဲ့ ၂၀၂၄ – ၂၀၂၅ ခုနှစ်မှာတော့ စာသင်ကျောင်း လာဖွင့်ပေးတာ မရှိတော့ပါဘူး။
စာသင်ပေးမယ့် ဆရာ ဆရာမ မရှိတာနဲ့ ပတ်သက်ပြီး ဒီကျေးရွာထဲက ကျောင်းသားမိဘတွေရဲ့ စကားသံကို ဒီရုပ်သံမှာ ကြားရမှာပါ။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။