ဇွန်လ တစ်လထဲမှာတင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က တအာင်းတပ် TNLA ထိန်းချုပ်တဲ့ ကျောက်မဲမြို့မှာ လေကြောင်းတိုက်ခိုက်မှု ၃ ကြိမ်တိတိ ပြုလုပ်တာကြောင့် ဒေသခံ (၅) ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။
အဲဒီအထဲမှာ ကျောက်မဲဒေသခံ ၃ ဦးအပါအဝင် နောင်ချိုကနေ တိုက်ပွဲရှောင်လာတဲ့ စစ်ရှောင် ၂ ဦးလည်း ပါဝင်ပါတယ်။
ကျောက်မဲမြို့ပေါ် လေကြောင်းတိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ရွှေဖီမြေက ရိုက်ကူးတင်ဆက်ပေးထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။