(English below)
ဝေးလံခေါင်ဖျားလွန်းပြီး ဆေးရုံဆေးခန်းနဲ့ ဝေးတဲ့ ရွှေလီမြစ်ကမ်းဘေးရှိ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်အစပ် မန်တုံမြို့နယ် ကျိုင်းတောင်ရွာရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေကို ရွှေဖီမြေ သတင်းထောက်တွေက ကွင်းဆင်းပြီး သတင်းရယူခဲ့ပါတယ်။
အိမ်ခြေ ၂၀ ကျော်သာရှိတဲ့ ဒီကျေးရွာလေးဟာ ဆေးရုံဆေးခန်း မရှိသလို ဆေးရုံဆေးခန်းရှိတဲ့နေရာနဲ့ ဝေးလွန်းသလို လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲတာကြောင့် ရွာခံတွေ ကျန်းမာရေးပြဿနာနဲ့ ကြုံကြရင် အခက်အခဲများစွာ ရှိနေပါတယ်။
ရွှေဖီမြေက အင်တာဗျူးခွင့်ရတဲ့ ကျိုင်းတောင်ရွာခံတစ်ဦးဆိုရင် သူမ လသားအရွယ်ကလေး ချောင်းဆိုးနေတာ ရက်ပိုင်း ကြာနေပြီဖြစ်ပမဲ့ သွားပြရမယ့် ဆေးရုံဆေးခန်း မရှိတာကြောင့်နဲ့ ငွေကြေး မတတ်နိုင်တာကြောင့် ဆေးမကုပေးနိုင်သေးပါဘူး။
ဝေးလံခေါင်ဖျားတဲ့ အဲဒီဒေသက လူထုတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိတဲ့ အခြေအနေကို ရွှေဖီမြေ သတင်းထောက် မိုင်းရူပနဲ့ လွေးဇွန်မိုးတို့က ရိုက်ကူးတင်ဆက်ထားတာကို ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါပြီ။
#ကျန်းမာရေး #စောင့်ရှောက်မှု #ကျေးလက်ဒေသ #ကျိုင်းတောင်ရွာ #မန်တုံ
Kyaing Taung, a remote village on the banks of Ruili River, with no access to medicine, not even a single pill
Shwe Phee Myay reporters visited Kyaing Taung, a remote village on the banks of the Ruili River, to cover the healthcare situation of that area. The village, located at the edge of Manton Township on the border between northern Shan State and Kachin State, is very far from clinics and hospitals.
With only a couple dozen houses, this remote village has neither a clinic nor a hospital. Its isolation and poor transportation make it extremely difficult for residents to access healthcare, leading to significant hardships during health crises.
A Kyaing Taung resident interviewed by Shwe Phee Myay shared her struggles. Despite her months-old child coughing for days, she hasn’t been able to take him to a clinic or hospital because the village lacks medical facilities, and she cannot afford to travel to other villages that have them.
To cover the situation of lack of access to proper healthcare and medicines, Shwe Phee Myay reporters Mai Rupa and Lway June Moe travelled to these remote areas and their reports can be seen in this following video.
#Manton#KyaingTaung#Rural#Healthcare
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။