(English below)

ဖိုဝါဒ ကြီးစိုးတဲ့ ဒီလို ကျေးလက်ဒေသမှာ အမျိုးသမီးတွေကို ရွာသူကြီးအဖြစ် ခန့်အပ်တာဟာ ရှားပါးတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ဒေါ်ရွှေပွင့်ကတော့ သူတို့ကျေးရွာမှာ ရွာသူကြီးတာဝန် ထမ်းဆောင်လာတာ ဆယ်စုနှစ် နှစ်ခုကျော် ရှိလာပါပြီ။

ဒေါ်ရွှေပွင့်ဟာ လူမျိုးပေါင်းစုံ နေထိုင်တဲ့ သီပေါမြို့နယ် ကုန်းစုံကျေးရွာမှာ နေထိုင်သူဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်ကတည်းက ကုန်စုံရွာရဲ့ ရွာသူကြီးအဖြစ် စတင်တာဝန်ထမ်း‌ဆောင်ခဲ့တဲ့ အမျိုးသမီးတစ်ယောက်ပါ။

ရွာမှာ ရွာသူကြီးအဖြစ် တာဝန်မထမ်းဆောင်ခင်မှာ လူငယ်ခေါင်းဆောင်တာဝန်နဲ့ ဥက္ကဌရဲ့ လက်ထောက်အဖြစ် ၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပြီး သူကြီးဖြစ်သူ သေဆုံးပြီးနောက်မှာ ‌အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ရွှေပွင့်ဆိုသူကို ဥက္ကဌရာထူး လွှဲပြောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။

Female Village Head Leads Effort for Peaceful Coexistence

In this patriarchy-dominated rural region, appointing a woman as village head is rare.

However, Daw Shwe Pwint has held that position in her village for over two decades.

Daw Shwe Pwint, 63-year-old, is a resident of Kone Sone Village in Hsipaw Township, which is home to various ethnic groups. She is the first-ever woman who began serving as the village head of Kone Sone since 2003.

Prior to becoming Village Head, she served for six years as a youth leader and as the assistant to the former Village Head, who was her father. Following his passing, Daw Shwe Pwint was handed the Chairwoman position for the village administration.

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

ကိုယ်ဝန်သည်၊ ကလေးငယ်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက် ည ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သား ထိခိုက်မှု အများဆုံး လေကြောင်းတိုက်ခိုက်မှုလို့ မြို့ခံတွေက ပြောပါတယ်။

စစ်ဒဏ် မိုင်းဒဏ် သင့်သူ အမျိုးသမီး

စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရတဲ့ ဒေါ်မြအောင် ဖြစ်ပါတယ်။

ဆရာဆရာမ မရှိတာကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတဲ့ လီဆူကလေးငယ်တွေ

ဝေးလံခေါင်သီပြီး တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့နယ် နမ့်ကျိုးကျေးရွာဟာ လီဆူတိုင်းရင်းသားတွေ နေထိုင်ပြီး အိမ်ခြေ ၃၀ ဝန်းကျင် ရှိပါတယ်။

ဝမ်းရေးအတွက် စာသင်ကျောင်းကို စွန့်ခွာခဲ့ရသူ

ကိုယ်က မိဘဆိုတော့ ကိုယ့်ကလေး‌တွေကို ပညာတတ်တစ်‌ယောက်အနေနဲ့ ဖြစ်စေချင်တာပေါ့။ ကျောင်းပြီးတဲ့အထိ ထားပေးချင်တာပေါ့။ မတတ်နိုင်ဘူးလေ။ စားစရာမရှိ နေစရာအိမ်လည်း မရှိဘူးဆိုတော့ အကြီးမကို ကျောင်းထွက်ခိုင်းလိုက်တာ။ သူလည်း တွေးတတ်ပြီဆိုတော့ ကျောင်း မတက်တော့ဘူးတဲ့ အမေကို သနားလို့။ ကျောင်းထွက်ပြီး အလုပ်ဘဲ ထွက်လုပ်မယ်တဲ့