မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တအာင်းတပ်မတော် – PSLF/TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့နယ် မိုင်းတက်ရွာမှာ စပါး၊ ပြောင်းဖူး၊ ပဲသီး စိုက်ခင်း ဧက ၅၀ ကျော် ပျက်စီးခဲ့ပါတယ်။
အိမ်ခြေ ၁၀၀ ကျော်ရှိတဲ့ မိုင်းတက်ကျေးရွာဟာ နမ္မတူမြို့နယ်ထဲမှာ တည်ရှိပြီး ရွာခံတွေဟာ စိုက်ပျိုးရေးကိုသာ အဓိက လုပ်ကိုင်ကြပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်ကနေ ၆ ရက်နေ့အထိ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် မိုင်းတက်ချောင်း ရေတက်လာပြီး ချောင်းအနီးရှိ အိမ်ခြေ ၃၀ ကျော်ရဲ့ စပါးခင်း၊ ပြောင်းဖူးနဲ့ ပဲ စိုက်ခင်း ဧက ၅၀ ကျော် ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
သတင်းအပြည့်အစုံကို ရွှေဖီမြေက ရိုက်ကူး တင်ဆက်ပေးထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။