အသက်အရွယ်ကြီးလာတာကြောင့် ဦးရှောက်မိန်တို့ရဲ့ ဇနီးမောင်နှံဟာ တစ်ဦးတည်း သားဖြစ်သူ ကိုရွှေလုံး ဆံပင်ညှပ်ဆိုင်ကရတဲ့ ဝင်ငွေနဲ့ ရပ်တည်နေရပါတယ်။
အခုတော့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အခုတော့ သူတို့ ဇနီးမောင်နှံဟာ အားကိုးရာမဲ့ ဖြစ်ခဲ့ရပါပြီ။
ပြီးခဲ့တဲ့ ဇူလိုင် ၁၄ ရက် ည ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်ဟာ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ပေါ်ကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ ဦးလီရှောက်မိန်ရဲ့ သားဖြစ်သူ အသက် ၃၇ နှစ်အရွယ် ကိုရွှေလုံးလည်း ပါဝင်ပါတယ်။
သတင်းအပြည့်အစုံကို ရွှေဖီမြေက ရိုက်ကူးတင်ဆက်ပေးထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။