တချိန်က ကိုယ်လက်အင်္ဂါ ပြည့်စုံခဲ့တဲ့ ကျောက်မဲမြို့နယ်က ဒေါ်နုနုယဉ်တို့ ဇနီးမောင်နှံဟာ စစ်ပွဲကြောင့် ကိုယ်လက်အင်္ဂါမစုံတော့ဘဲ စစ်ပွဲကပေးတဲ့ ဒဏ်ရာနဲ့ ဘ၀ကို ခက်ခက်ခဲခဲ ဖြတ်သန်းနေရပါတယ်။
ဒေါ်နုနုယဥ်ဟာ လက်နက်ကြီးကြောင့်ပဲ ဘယ်ဘက်ခြေထောက် ဖြတ်လိုက်ရပါတယ်။
ခြေပြတ်သွားပြီးတဲ့နောက်မှာ သူမ အလုပ်မလုပ်နိုင်တော့ပဲ စီးပွားရေးလည်း မပြေလည်တာကြောင့် သူမရဲ့ ကလေး ၃ ယောက်ကို အရင်ကလို ကျောင်းထားပေးဖို့ မတတ်နိုင်တော့တဲ့ အခြေအနေ ဖြစ်သွားခဲ့ပါတယ်။
သူတို့အခြေအနေတွေကို ရွှေဖီမြေက ရိုက်ကူးတင်ဆက်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။