တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက် ည ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သား ထိခိုက်မှု အများဆုံး လေကြောင်းတိုက်ခိုက်မှုလို့ မြို့ခံတွေက ပြောပါတယ်။
ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးက ကလေး မွေးဖွားနေချိန် ဘေးပတ်ဝန်းကျင်က နေထိုင်သူတွေ လာရောက်ကူညီပေးနေချိန်မှာပဲ စစ်ကောင်စီက အဲဒီနေအိမ်ပေါ် တည့်တည့်ကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အပြည့်အစုံကို ရွှေဖီမြေက ရိုက်ကူးတင်ဆက်ထားပါတယ်။
ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။