အခု မြင်တွေ့နေရတဲ့ ဒီနေရာလေးမှာ သိပ်မကြာခင်တုန်းကပဲ ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ လူ့ဘဝဆိုတာ ဘာမှန်းတောင်မသိသေးတဲ့ အသက် ၁၀ နှစ်အရွယ် ကလေးတစ်ယောက်အပါအဝင် မိသားစုဆွေမျိုး အစုလိုက် အပြုံလိုက် အသက်ဆုံးရှုံးသွားခဲ့တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒီနေရာကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက် ည ၈ နာရီခွဲမှာ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဖျက်အားပြင်း ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။

ည ၈ နာရီခွဲအချိန်ဟာ အမှောင်ထု ဖုံးလွှမ်းချိန်ဖြစ်ပြီး တောင်ပေါ်မိသားစုတွေအတွက် နေအိမ်မှာ စုံစုံညီညီရှိကြတဲ့အချိန် ဖြစ်ပါတယ်။

မိသားစုဝင် စုံစုံညီညီရှိကြတဲ့ အဲဒီညမှာပဲ မထင်မှတ်တဲ့ ဗုံး ၂ လုံး ကျရောက်ပေါက်ကွဲမှုကြောင့် အဲဒီအိမ်ထဲက မိဘနှစ်ပါးနဲ့ သမီးဖြစ်သူ နှစ်ဦးတို့ သေဆုံးသွားခဲ့ပါတယ်။

အသက် ၁၀ နှစ်အရွယ် လွေးနီလာအောင်၊ အသက် ၂၁ နှစ်အရွယ် လွေးစန်းစန်းဦး၊ အသက် ၃၇ နှစ်အရွယ် ယာအေးသောင်းနဲ့ အသက် ၄၂ နှစ်အရွယ် တာသန်းကျော်တို့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

This site was struck by a severe bombing attack only recently. It is where entire families and relatives lost their lives, including a 10 year old child who had barely begun to experience life.

At 8:30 p.m. on October 18, the junta’s military carried out the attack using a fighter jet that dropped two 250lb high explosive bombs.

The strike came at a time when darkness had already fallen—when mountain families were gathered together at home.

On that night, as family members gathered at home, two bombs unexpectedly fell and exploded, killing the parents and their two daughters.

The victims were identified as Lway Nilar Aung, aged 10; Lway San San Oo, aged 21; Yar Aye Thaung, aged 37; and Tar Than Kyaw, aged 42.

~ ~ ~

ရွှေဖီမြေ သတင်းတွေကို Facebook နဲ့ Website အပြင် အောက်ဖော်ပြပါ ချန်နယ်တွေမှာလည်း ဝင်ရောက် ဖတ်ရှုနားဆင်နိုင်ပါတယ်။

Shwe Phee Myay YouTube

Shwe Phee Myay Telegram

Sign Up for Our Newsletters

Get notified of the best deals on our WordPress themes.

You May Also Like

အတူယှဉ်တွဲ နေထိုင်ရေးကို ဦးဆောင်နေတဲ့ အမျိုးသမီး ရွာသူကြီး

ဖိုဝါဒ ကြီးစိုးတဲ့ ဒီလို ကျေးလက်ဒေသမှာ အမျိုးသမီးတွေကို ရွာသူကြီးအဖြစ် ခန့်အပ်တာဟာ ရှားပါးတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ကိုယ်ဝန်သည်၊ ကလေးငယ်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှု

တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့ မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက် ည ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်က ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ အရပ်သား ထိခိုက်မှု အများဆုံး လေကြောင်းတိုက်ခိုက်မှုလို့ မြို့ခံတွေက ပြောပါတယ်။

စစ်ဒဏ် မိုင်းဒဏ် သင့်သူ အမျိုးသမီး

စစ်ကောင်စီတပ် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ခြေထောက်တစ်ဖက် ဆုံးရှုံးလိုက်ရတဲ့ ဒေါ်မြအောင် ဖြစ်ပါတယ်။

ဆရာဆရာမ မရှိတာကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတဲ့ လီဆူကလေးငယ်တွေ

ဝေးလံခေါင်သီပြီး တအာင်းတပ်မတော် ထိန်းချုပ်ထားတဲ့ တအာင်းဒေသ မန်တုံမြို့နယ် နမ့်ကျိုးကျေးရွာဟာ လီဆူတိုင်းရင်းသားတွေ နေထိုင်ပြီး အိမ်ခြေ ၃၀ ဝန်းကျင် ရှိပါတယ်။